BEC-TERO TV

၄၄နှစ်ကြာအောင်တွဲပြီးမှ လက်ထပ်ခဲ့ကြတဲ့စုံတွဲ

25 May 2016     1,319 Views


အသက်၈၄နှစ်အရွယ် အဖိုးအိုနဲ့ အသက်၈၂အရွယ် အဖွားအိုတို့ဟ ၄၄နှစ်ကြာအောင် လက်တွဲအပြီးမှာတော့ လက်ထပ်ခဲ့ကြပါတယ်။ Colin Dunnနဲ့ Sally Smithတို့ဟာ ၁၉ ၇၂ခုနှစ်မှ စတင်တွေ့ခဲ့ကြတာဖြစ်ပါတယ်။ Colinတစ်ယောက်အလုပ်ပြီးတိုင်းဝင်လေ့ရှိတဲ့ဘားတစ်ခုမှာ စတွေ့ခဲ့ကြတာပါ။ Sallyနဲ့အပတ်တိုင်းအလုပ်ပြီးချိန်တိုင်းမှာ တွေ့ဖြစ်တယ်။ကျွန်တော်တို့စကားပြောခဲ့ကြတယ်။ နောက်တော့ ကျွန်တော်သူမကို ချိန်းတွေ့ဖို့တောင်းဆိုခဲ့တယ် လို့ Colinကပြန်ပြောပြပါတယ်။ အရင်အိမ်ထောင်နဲ့ကလေး၎ယောက်ရှိတဲ့Sallyကလည်း သဘောတူခဲ့ပါတယ်။

“ကျွန်တော့်ခေါင်းထဲ ကို လက်ထပ်ဖို့ဆိုတာ ဘယ်တုန်းကမှ ဝင်မလာခဲ့ပါဘူး။ ကျွန်တော်တို့ကလေးတွေကို စောက်ရှောက်ရင်း အားလပ်ရက်ခရီးတွေလျှောက်သွားရင်း အလုပ်များနေခဲ့ကြပါတယ်။ နောက်တော့ ကလေးတွေလည်း အရွယ်ရောက်လာပြီးအာလုံးကသူ့အိမ်ထောင်နဲ့သူဖြစ်ကုန်ကြပါတယ်။အခုတော့ကျွန်တော်နဲ့Sallyပဲရှိပါတော့တယ်။ ဒါ့ကြောင့် ကျွန်တော်တို့လက်ထပ်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။ ကျွန်တော်တို့ နောက်နှစ်ပေါ့၊ နောက်နှစ်ပေါ့နဲ့ အခုမှပဲ လက်ထပ်ဖြစ်ပါတော့တယ်။”လို့ Colinကပြောခဲ့ပါတယ်။

Leedsမြို့မှာနေထိုင်တဲ့ သူတို့စုံတွဲဟာ St Mary’s ဘုရားကျောင်းမှာလက်ထပ်ခဲ့ကြပါတယ်။ လက်ထပ်အပြိးမှာ သူတို့ စတင်ဆုံဆည်းခဲ့တဲ့ ဘားမှာ နေ့လည်စာသွားစားခဲ့ပါတယ်။ “စောင့်ရကျိုးနပ်ခဲ့ပါတယ်။ ကျွန်မအရမ်းပျော်ပါတယ်”လို့Sallyကဆိုပါတယ်။ “Relationshipဆိုတာ တကယ်ချစ်ကြရင် ဘယ်လောက်ပဲခက်ခဲခက်ခဲ အတူတကွဖြတ်ကျော်နိုင်ပါတယ်။ သူမကကျွန်တော့်ကို အမြဲစောင့်ရှောက်တယ်။ကျွန်တော်ကလည်းသူမကိုအမြဲစောင့်ရှောက်ခဲ့ပါတယ်။အသေးအမွှားလေးတွေက အစပေါ့။ သူမအတွက် တစ်ခါတစ်လေ ကျွန်တော်မီးဖိုချောင်ဝင်ပေးတယ်။ သူမကို လက်ဖက် ရည်ဖျော်တိုက်တယ်။ သူမတီဗွီရှေ့မှာ အိပ်ပျော်ရင် ညင်ညင်သာသာ အိပ်ရာထဲခေါ်သွားပေးတယ်။ အသေးအဖွဲအားလုံးကျွန်တော်တို့ ဂရုစိုက်ကြပါတယ်။ ကျွန်တော်တို့လည်း အခြားစုံတွဲတွေလို အဆင်မပြေတဲ့အခိုက်အတန့်တွေရှိပါတယ်။ဒါပေမယ့် အမြဲတမ်းပြေလည်အောင် ညှိနှိုင်းခဲ့ကြပါတယ်။”လို့ Colinကို ဆိုခဲ့ပါတယ်။ ကျွန်တော်တို့အမြဲတမ်းပဲပျော်ရွှင်ခဲ့ရပါတယ်။


25 May 2016     1,319 Views




RELATED

Most Popular of Special or Others

Most Popular of NEWS