BEC-TERO TV

အိန္ဒိယ နိုင်ငံ လူနာတင် လေယာဉ် စက်ချို့ ယွင်းမှုကြောင့် လယ်ကွင်းထဲ အရေးပေါ်ဆင်းသက်ခဲ့ရ

25 May 2016     1,288 Views


အိန္ဒိယ နိုင်ငံ The King Air C-90 ကင်းလေကြောင်းပိုင် အင်ဂျင် နှစ်လုံး တတ် လူနာအကြိုအပို့  လေယာဉ်ငယ်တစင်းဟာ လူနာတွေကို တင်ဆောင် ပျံသန်းနေစဉ် ရုတ်တရက် အင်ဂျင်စက်ချို့ ယွင်းခဲ့လို့  ဒေလီမြို့ ရဲ့  အနောက်တောင်ဘက်ရှိ Najafgarhနာဂျဂတ် ခရိုင်အတွင်းက လယ်ကွင်းအတွင်း မှာ အရေးပေါ် ဆင်းသက်ခဲ့ရပါတယ်။ လေယာဉ်ငယ်အတွင်းမှာ ရောဂါ အသဲအသန် ခံစားနေရလို့  ဒေလီဆေးရုံကြီးကို ပို့ မယ့် လူနာတွေအပါဝင် (၇)ဦး လိုက်ပါလာခဲ့ပါတယ်။

ခုလိုအရေးပေါ်ဆင်းသက်ခဲ့ရလို့  လေယာဉ်မှာဆိုးဆိုးရွားရွား ပျက်စီးမသွား ခဲ့တဲ့အပြင် လူနာနှစ်ဦးသာ ဒဏ်ရာအနည်းငယ်ရခဲ့ပြီး လေယာဉ်ကို မီးလောင်ပေါက်ကွဲမှု မဖြစ်အောင် လေယာဉ်မောင်းသူက ထိမ်းကြောင်း ဆင်းသက်နိုင်ခဲ့ပါတယ်။ အိန္ဒိယ နိုင်ငံရဲ့  လေယာဉ်ပျက်ကျမှုတွေ ဖြစ်ခဲ့တဲ့ သမိုင်းမှာ ဒီတကြိမ်ဟာ လူနာတွေအတွက် အသက်ဘေးက လွတ်ခဲ့လို့  ကံကောင်းသွားခဲ့တယ်လို့  ဆိုရမှာပါ။ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်ကတကြိမ် လူနာတွေတင်လာနဲ့  သူနာပြုလေယာဉ် ပျက်ကျခဲ့လို့  လေယာဉ်ပေါ်မှာ လိုက်ပါလာသူ (၁၀)ဦးသေဆုံးခဲ့ရပါတယ်။

Credit : thithtoolwin.com/


25 May 2016     1,288 Views




RELATED

Most Popular of Special or Others

Most Popular of NEWS