BEC-TERO TV

လက်ဆောင်ပေးတာကိုလက်မခံခဲ့လို့ ပရိတ်သတ်ဓားနဲ့ထိုးတာခံခဲ့ရတဲ့ဂျပန်အဆိုတော်မလေး

26 May 2016     1,318 Views


အသက် 20 သာရှိသေးတဲ့ ဂျပန်အဆိုတော်မလေး Mayu T၀mitaဟာ ပရိတ်သတ်တစ်ယောက်ရဲ့ ဓားနဲ့အချက်ပေါင်းများစွာထိုးတာခံခဲ့ရပြီးမှာတော့Coma (နှလုံးခုန်နေပေမယ့် အသိမရှိတော့) အခြေအနေကိုရောက်ရှိနေခဲ့ပါတယ်။ သူမဟာ ထိုပရိတ်သတ်ပေးခဲ့တဲ့လက်ဆောင်ကို ယူဖို့ ငြင်းပယ်ခဲ့တယ်လို့လည်းသိရပါတယ်။ အခင်းဖြစ်ပွားရာနေရာမှာ သွေးတွေပေနေတဲ့မျက်နှာဖုံးတစ်ခုနဲ့သွေးစီးကြောင်းတွေလည်းတွေ့ခဲ့ရပါတယ်။

မေ 22 တနင်္ဂနွေ ညနေ 5နာရီလောက်က ဖြစ်ပွားခဲ့တာဖြစ်ပါတယ် ။ အသက်၂၇နှစ်အရွယ် Tomohiro Iwazakiက အဆိုတော်မလေးရဲ့လည်ပင်းနဲ့ရင်ဘတ်ကို ဓားနဲ့ထိုးတာကိုဝန်ခံခဲ့ပါတယ်။ သူပို့ပေးခဲ့တဲ့ လက်ဆောင်ကို အဆိုတော်မလေးက ပြန်ပို့ခဲ့တာကြောင့်အခုလိုသတ်ခဲ့တာလို့လည်း ဆိုပါတယ်။ “ကျွန်တော်မေးတာကို သူရှင်းရှင်းလင်းလင်းမဖြေလို့ကျွန်တော်ဒေါသထွက်ပြီး ဓားနဲ့အခါအခါထိုးမိခဲ့တာပါ”လို့ Iwazaki ကရဲတွေကိုပြောခဲ့ကြောင်း Japan Times သတင်းစာကဖော်ပြခဲ့ပါတယ်။

Iwazakiဟာ အဆိုတော်မလေးဆီကို အွန်လိုင်းကနေ Messageတွေ အများကြီးပို့ခဲ့ပါတယ်။ သူဟာဇန်နဝါရီလလောက်ကနာရီတစ်လုံးအဆိုတော်မလေးဆီကိုလက်ဆောင်လှမ်းပို့ခဲ့ပြီး အေပရယ်လမှာ နာရီသူ့ဆီကိုပြန်ရောက်လာခဲ့ပါတယ်။ Iwazakiဟာ သူ့ရဲ့လူမှုကွန်ယက်ပေါ်မှာ“နင်ငါ့ကိုအထင်သေးတာ ငါဘယ်တော့မှ မေ့မှာမဟုတ်ဘူး”လို့ရေးသားခဲ့ပါသေး တယ်။Credit:Shwemom


26 May 2016     1,318 Views




RELATED

Most Popular of International News

Most Popular of NEWS