အပျော်စီးသင်္ဘောမှာ ကပ္ပတိန်ဖြစ်နေတဲ့ ကြောင်လေးတစ်ကောင်
26 May 2016 1,756 Views

ကြောင်တစ်ကောင်ကို သင်္ဘောကပ္ပတိန်အဖြစ် မြင်ရဖို့ဆိုတာ တော်တော်ခဲယဉ်းတဲ့ကိစ္စပါ။ ရုရှားနိုင်ငံက မြစ်တွင်းစီး အပျော်စီးသင်္ဘောတစ်စီးမှာ တကယ်ပဲ ကြောင်ကပ္ပတိန်ကို တွေ့ရပါလိမ့်မယ်။ သင်္ဘောနာမည်က Nikolay Chernyshevsky ပါ။ ကပ္ပတိန်ကြီးအမည်ကတော့ ဆေလာ (Sailor) လို့ ခေါ်ပါတယ်။
ကပ္ပတိန်တစ်ဦးရဲ့ ယူနီဖောင်း အပြည့်အစုံနဲ့သူ့ကို ခရီးသွားတွေကလည်း စိတ်ဝင်တစားနဲ့ လာတွေ့ကြပါတယ်။ မော်စကိုကနေ စိန့်ပီတာစဘတ်ခ်တစ်လျှောက် ပြေးဆွဲနေတဲ့ သင်္ဘောကြီးရဲ့ ကပ္ပတိန်အစစ် ဗလာဒီမာ ကိုတင်က ဆေလာကို ယခုလိုဝတ်စုံတွေ ချုပ်လုပ်ပေးထားခဲ့တယ်လို့ သိရပါတယ်။



Credit : duwun.com.mm/






