BEC-TERO TV

ထောင်ဒဏ် အနှစ် (၆၀) ချမှတ်ခံရပြီဖြစ်တဲ့ Facebook မှ သူငယ်ချင်းအား အဓမ္မပြုကျင့် သတ်ဖြတ်သူ

27 May 2016     1,640 Views


အမေရိကန်နိုင်ငံ ကော်လိုရာဒိုပြည်နယ်မှ အမျိုးသားတစ်ဦးကို ဖေ့စ်ဘွတ်သူငယ်ချင်း မိန်းကလေးအား သတ်ဖြတ်မှုဖြင့် နှစ်ပေါင်း ၆၀ ထောင်ဒဏ်ချမှတ်လိုက်ပါတယ်။ သတ်ဖြတ်ခံရသူ မိန်းကလေးမှာ တရားခံအမျိုးသား ကိုးလ်ပိုလတ်နဲ့ ညီအစ်ကိုတော်စပ်သူရဲ့ ချစ်သူလည်းဖြစ်ပါတယ်။
 
၂၀၁၅ ခုနှစ် ဇွန်လ ၂၉ ရက်က ပက်ထရစ်ရှာ ရစ်ခ်ျမွန်ကို သူမရဲ့ နေအိမ်မှာ သေဆုံးလျက်သား တွေ့ရှိခဲ့ရပါတယ်။ သူမဟာ လည်ပင်ညှစ်သတ်ခံရကြောင်း ဆေးစစ်ချက်များက ကောက်ချက်ချခဲ့ပါတယ်။ ဒါ့အပြင် အဆိုပါ မိန်းကလေး သတိလစ်မေ့မြောနေခဲ့ချိန် သို့မဟုတ် သေဆုံးခဲ့ပြီးချိန်မှာလည်း ချုပ်နှောင်ပြီး မုဒိမ်းကျင့်ခံရကြောင်းနဲ့ သူမရဲ့ ပစ္စည်းအချို့ကိုလည်း လူသတ်သမားက ခိုးယူသွားခဲ့ကြောင်း ကနဦး စစ်ဆေးမှုများအရ တွေ့ရှိခဲ့ရပါတယ်။
 
အသတ်ခံရသူ ပတ်ထရစ်ရှာ 
 
 
လူသတ်တရားခံ ပိုလတ်ကလည်း ပက်ထရစ်ရှာကို လည်ပင်းညှစ်သတ်ခဲ့ကြောင်း၊ သူမ မလှုပ်ရှားနိုင်တော့တဲ့အချိန်မှာ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခဲ့ကြောင်းနဲ့ နေအိမ်မှ ပစ္စည်းအချို့ကို ခိုးယူခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။ အသတ်ခံရတဲ့ ပက်ထရစ်ရှာဟာ လူသတ်တရားခံ ပိုလတ်ဒ်နဲ့ ညီအစ်ကိုတော်စပ်သူ ကိတ်ဝက်စ်ရဲ့ ချစ်သူလည်း ဖြစ်ပါတယ်။
 
၎င်းတို့ဟာ ဖေ့စ်ဘွတ်မှာ သူငယ်ချင်းများအဖြစ် အပြန်အလှန် ဆက်သွယ်မှုများလည်း ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ ပိုလတ်ဒ်ကို လူသတ်မှုဖြင့် ထောင်ဒဏ် နှစ် ၆၀ ချမှတ်ခဲ့ပြီး တိုက်ခိုက်မှုနဲ့ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတို့ဖြင့် နောက်ထပ် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
 
Credit : Duwun 

27 May 2016     1,640 Views




RELATED

Most Popular of International News

Most Popular of NEWS