BEC-TERO TV

ဆိုက်ဘာရာဇ၀တ်မှုတွေကို တိုက်ဖျက်ရာမှာ ပါဝင်ကူညီမယ့် ခွေးမလေး အိုင်းရစ်

27 May 2016     1,352 Views


အမေရိကန်ထောက်လှမ်းရေးအဖွဲ့ FBI ဟာ ဆိုက်ဘာရာဇ၀တ်မှုတွေကို ချေမှုန်းဖို့ ၁၈ လအရွယ် ခွေးမလေးတစ်ကောင်ကို အသုံးပြုတော့မှာဖြစ်ပါတယ်။ အိုင်းရစ်လို့ အမည်ရတဲ့ ဒီခွေးမလေးဟာ လက်ဗရာဒေါခွေးမျိုးနွယ်ဝင်ဖြစ်ပြီး လျှို့ဝှက်ထည့်သွင်းထားတဲ့ Hard Drive နဲ့ အခြားအီလက်ထရောနစ် ပစ္စည်းတွေကို အနံ့ခံနိုင်ဖို့ လေ့ကျင့် သင်ကြားပေးထားပါတယ်။ ကွန်ပျူတာတွေ(သို့မဟုတ်)အခြားအီလက်ထရောနစ်ပစ္စည်းတွေမှာ ထည့်သွင်းအသုံးပြုတဲ့ Memory chip တွေ၊ Drive တွေ၊ Hard Drive တွေကို အအေးခံဖို့ အထူးဓာတုပစ္စည်းတစ်ခုကို အသုံးပြုလေ့ရှိပြီး အိုင်းရစ်ကို အဲဒီဓာတုပစ္စည်းအနံ့ကို အနံ့ခံခိုင်းပြီး လေ့ကျင့်ခဲ့တာပါ။

အဲဒီဓာတုပစ္စည်း အနံ့ရပြီဆိုတာနဲ့ လျှို့ဝှက်ထားတဲ့ Drive တွေ၊ Memory chip တွေရှိပြီလို့ သေချာသလောက်ပါပဲ။ အိုင်းရစ်ဟာ ကွန်နက်တီကက်ပြည်နယ် ရဲတပ်ဖွဲ့ရဲ့ စမ်းသပ်မှုတွေကို အောင်အောင်မြင်မြင် ကျော်ဖြတ်နိုင်ခဲ့ပြီး အခုသီတင်းပတ်အတွင်းမှာ FBI အတွက် အလုပ်စလုပ်နေပါပြီ။ သူဟာ ပေါက်ကွဲရေးပစ္စည်းနဲ့ မူးယစ်ဆေးဝါး ရှာဖွေဖို့ အသုံးပြုတဲ့ ခွေးတွေလိုပဲ အထူးဓာတုပစ္စည်းအနံ့ကိုရရင် ထိုင်ချပြီး အချက်ပြမှာဖြစ်ပါတယ်။ အိုင်းရစ်က ကစားရတာကို မက်ပေမယ့် အလုပ်လုပ်ရင်လည်း အလုပ်ကို ကောင်းကောင်းလုပ်တယ်လို့ သူ့ကို လေ့ကျင့်သင်ကြားပေးတဲ့ FBI အေးဂျင့်က ပြောပါတယ်။

Credit : Yoyarlay


27 May 2016     1,352 Views




RELATED

Most Popular of International News

Most Popular of NEWS