BEC-TERO TV

ရည်းစားဖြစ်သူကိုအလိုမတူပဲလေ့ကျင့်ခန်းလုပ်ခိုင်းလို့ ထောင်ကျသွားသူ

27 May 2016     1,337 Views


Mohammed Anwaar လို့အမည်ရတဲ့ အမျိုးသားတစ်ဦးဟာ သူ့ရဲ့ချစ်သူဖြစ်တဲ့ Gemma Doherty ကိုနေ့တိုင်းအခြားမိန်းကလေးများရဲ့ပုံတွေကို ပြပြီး အခြားမိန်းကလေးများကဲ့သို့ Doherty ဟာမလှကြောင်း၊ ခန္ဓာကိုယ်ကောက်ကြောင်းလည်းမ၇ှိကြောင်း ဝေဖန်ခဲ့ပါတယ်။ Doherty ရဲ့ confidence ကို တစ်စမကျန်အောင် ရိုက်ချိုးခဲ့ပါတယ်။

Anwaarဟာ နောက်တော့ Doherty ရဲ့ဘဝအပေါ်ပိုမိုလွှမ်းမိုးလာပြီ အလိုမကျတဲ့အခါ ရိုက်နှက်တာတွေပါရှိလာခဲ့ပါတယ်။Dohertyဟာနောက်ဆုံးမှာစိတ်ကျရောဂါဝေဒနာရှင်နီးပါးခံစားလာရပါတယ်။တရားရုံးကလူတစ်ယောက်ရဲ့ဘဝကိုပျက်စီအောင်လုပ်မှုအပြင်၊အခြားနှိပ်စက်မှုများနှင့် ထောင်ဒဏ်၂နှစ်ခွဲချမှတ်ခဲ့ပါတယ်။

သူတို့၂ယောက်ရဲ့ Relationshipဟာ အစကတော်တော်လေးကောင်းမွန်ခဲ့ပြီး လွန်ခဲ့တဲ့နှစ်မေလကမှ စတင်ပြောင်းလဲခဲ့တာဖြစ်ကြောင်း Doherty ကပြောပါတယ်။ Anwaar ဟာ Dohertyကို တစ်ခါတစ်ရံ ရိုက်နှက်ကန်ကြောက်တတ်ပြီး တစ်ခါတရံ သတိမေ့မြောအောင်တောင် နှိပ်စက်တတ်ပါတယ်။

Doherty ဟာ သားသမီးရှိပြီး သားသမီးတွေရဲ့ရှေ့မှာလည်း အကန်အကြောက်ခံခဲ့ရပါတယ်။ တစ်ခါတုန်းကဆိုရင်AnwaarဟာDohertyရဲ့လည်ပင်းကိုဓားနဲ့ထောက်ပြီး“နင်ငါ့ကိုသတ်စေချင်လား၊ငါတစ်သက်တစ်ကျွန်းကျရမှာလည်း မကြောက်ဘူး”လို့ ခြိမ်းခြောက်ခဲ့ပါတယ်။

ထိုအချိန်ကDohertyရဲ့ကလေး၃ယောက်ဟာကုတင်အောက်မှာပုန်းနေခဲ့ကြပါတယ်။ ဒီလိုများပြားလှတဲ့ အမှုတွေကြောင့် ထောင်ဒဏ်၂နှစ်ခွဲကျခဲ့ခြင်းလည်းဖြစ်ပါတယ်။Credit:Shwemom


27 May 2016     1,337 Views




RELATED

Most Popular of International News

Most Popular of NEWS