BEC-TERO TV

အလှပြင်ပစ္စည်းသုံးစွဲရာက ဓါတ်မတည့်မှုကြောင့် မျက်နှာအလှပျက်ခဲ့တဲ့ ထိုင်းမင်းသမီး

30 May 2016     1,860 Views


ထိုင်းမင်သမီးအားလုံးအလှအပကိုထိမ်းဘို့ မျက်နှာနဲ့ အသားအရေ ပြု ပြင်ပေးနေတဲ့ ဆေးခန်းတွေ ကို ပုံမှန်သွားကြပါတယ်။ နံမည်ကြီး အလှအပ ပြုပြင်ရေးဆိုင်ရာ ဆေးခန်း ကိုပုံမှန် သွားနေ တဲ့ ထိုင်းမင်းသမီး "ကျစ် ခီသဖတ်"တယောက် ဆေးခန်းက ပြုပြင်ပေးတဲ့ အလှပြင် ပစ္စည်းတွေ သုံးနေ ရင်း ဓါတ်မတည့်ဖြစ်ပြီး မျက်နှာတခုလုံး အရည်ကြည် အဖုတွေ ထွက်လာလို့  အပြင်တောင်မထွက်ရဲ တော့ဘဲ လက်ခံထားတဲ့ အနုပညာအလုပ်တွေကို ဆက်မလုပ်နိုင်တော့ကြောင်း သူမရဲ့ Twitter စာမျက်နှာမှာ ရေးသားထား ပါတယ်။

ခုတော့ အရေပြားရောဂါ အထူးကုဆရာဝန်တွေနဲ့  ကုသနေ ရပါတယ်၊ သူမရဲ့ အသားနဲ့  မတည့်တဲ့ မိတ်ကပ်တွေသုံးရင်းအခတ်မသင့်တဲ့ အချိန် (အစားအသောက်ရာသီဥတုပြောင်းလဲခြင်း)တွေမှာခုလိုဖြစ်ခဲ့တာလို့ ဆရာဝန်တွေက ပြောပါတယ်။ အသားအရေ နုတဲ့သူ သွေးသားမတည့်တဲ့သူတွေအတွက် မျက်နှာ အလှပြင် အသုံးအဆောင်တွေကနေ တင်းတိတ်-မှည့်ခြောက်-အစက်အပြောက်တွေ ထွက်လာတတ်တယ်လို့  မိတ်ကပ်အရမ်းသုံးတဲ့အမျိုးသမီးတွေအတွက် သတိထားစရာဖြစ်ရပ်ပါ။

Credit : thithtoolwin.com/


30 May 2016     1,860 Views




RELATED

Most Popular of Special or Others

Most Popular of NEWS