BEC-TERO TV

စောင့်ကြည့်ရမည့် ရုပ်ရှင်အသစ် : The Conjuring 2 ( Video Trailer )

01 Jun 2016     1,362 Views


တကယ့်ကို ရင်ထိတ်ခြောက်ခြား စရာကောင်းပြီး နာမည်ကြီး Conjuring သရဲကား ရဲ့ ဒုတိယ မြောက်ကား ပဲဖြစ်ပါတယ် ။ 
 
နိုင်ငံတကာ ရုပ်ရှင်ရုံများမှာ ယခုဇွန်လ ၈ ရက်နေ့မှ စပြီး ရုပ်တင် ပြသ သွားမည့် ရုပ်ရှင်ကားပဲဖြစ်ပါတယ် ။ 
 
ယခင် Conjuring ဇာတ်ကား တွင် သရုပ်ဆောင်ခဲ့တဲ့ မင်းသားမင်းသမီး များဖြစ်တဲ့ အော်စကာ ရရှိမည်ဟု မှန်းခြေပေးထားတဲ့ မင်းသမီး ဗီရာ ဖာမီဂါ ( Vera Farmiga ) နှင့် အတူ ပက်ထရစ် ဝီလ်ဆင် (Patrick Wilson ) တို့မှပဲ ပရလောကသားတွေကို နိမ်နှင်းတဲ့ လင်မယားအဖြစ် နာမည်ကြီး တဲ့ Ed and Lorraine Warren လင်မယား အဖြစ် သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ် ။
 
ယခု Conjuring ဇာတ်ကား အသစ်မှာတော့ လန်ဒန် မြောက်ပိုင်းမှာ ဖြစ်ခဲ့တဲ့ သဲထိတ်ရင်ဖို ဖြစ်ရပ်မှန်တစ်ခုကို အခြေခံပြီး ရိုက်ကူးထားတာ ဖြစ်ပါတယ် ။ 
 
ကလေး (၄)ယောက်နှင့်အတူမိခင် တို့နေထိုင်တဲ့ လန်ဒန် မြောက်ပိုင်းက အိမ်တစ်အိမ်မှာ မကောင်းဆိုးဝါး ဝိညာဉ် များရဲ့ခြောက်လှန့်မှုတွေကို Ed and Lorraine Warren လင်မယားမှ သွားရောက်ကူညီ ဖြေရှင်းပေးတာကို ရိုက်ကူးပေးထားတာပဲဖြစ်ပါတယ် ။
 
သဲထိတ်ရင်ဖို သရဲ ဇာတ်လမ်းတွေကို ကြိုက်နှစ်သက်သူများ အနေဖြင့် လက်လွှတ်မခံသင့်တဲ့ ရုပ်ရှင် ဇာတ်ကား ကောင်းတစ်ကား ဖြစ်မယ်လို့ ယုံကြည်ပါတယ် ။ 
 

 


01 Jun 2016     1,362 Views




RELATED

Most Popular of Special or Others

Most Popular of Entertainment