BEC-TERO TV

ဒေါ်လာ၉ ဒသမ ၅ သန်းတန်ဇိမ်ခံအိမ်ဝယ်ခဲ့သည့် အဆိုတော် Adele

01 Jun 2016     1,276 Views


ပြီးခဲ့သည့်လကလော့စ်အိန်ဂျလိစ် မှာဒေါ်လာ ၉ဒသမ ၅သန်းတန်တဲ့နေအိမ်တစ်လုံးကိုအဆိုတော် အဒဲလ်ဝယ်ယူခဲ့ပါတယ်။မူလအိမ်ပိုင်ရှင်ကဒေါ်လာ ၉ဒသမ၉ သန်းနဲ့ စတင်ဈေးခေါ်ခဲ့ပေမယ့် အဒဲလ်ကဒေါ်လာ၉ဒသမ ၅သန်းဖြင့်ဝယ်ယူနိုင်ခဲ့ပါတယ်။

ယခုအိမ်သစ်ကစတုရန်းပေ ၆၆၀၀ ကျယ်ဝန်းပြီးအိပ်ခန်း ၄ ခန်း ၊ ရေချိုးခန်း ၆ ခန်း ၊ ရေကူးကန် နှင့် အပင်များစိုက်နိုင်သည့်အိမ်လေးတစ်အိမ် ပါဝင်ပြီးအထူးခြားဆုံးကတော့ အိမ်ပြင်ဘက်မှာမီးရထားသဏ္ဍာန်အလှဆင်ထားမှုဖြစ်ပါတယ်။ လောလောဆယ်မှာတော့ အဒဲလ်ကဖျော်ဖြေရေးခရီးတွေနဲ့ ၀ယ်ထားတဲ့ အိမ်သစ်မှာမနေဖြစ်သေးပါဘူး။ အဒဲလ်အခုဝယ်လိုက်တဲ့ အိမ်သစ်အနီးမှာနာမည်ကျော် အနုပညာရှင်တွေ ဖြစ်တဲ့ ဂျနီဖာလော့ရင်စ်၊ အက်ရှ်တန်ကာချာ၊မာလီကနူးစ် တို့နေထိုင်လျှက်ရှိပါတယ်။Credit:china.com


01 Jun 2016     1,276 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment