ကမ္ဘာ့အကျော်ကြားဆုံးအားကစားသမား အယောက်(၁၀၀)မှာ နံပါတ်(၁) ဖြစ်သွားတဲ့ ရော်နယ်ဒို
02 Jun 2016 1,835 Views

ESPN က ထုတ်ပြန်လိုက်တဲ့ ကမ္ဘာ့အကျော်ကြားဆုံး အားကစားသမား 100 စာရင်းမှာတော့ ရော်နယ်ဒိုက လီဘရွန်ဂျိမ်းနဲ့ မက်ဆီတို့ကို ကျော်ဖြတ်ပြီး ထိပ်ဆုံးက ရပ်တည်နေပါတယ်။ အဆိုပါ စစ်တမ်းကိုတော့ ESPN က Forbe ကနေ ထုတ်ပြန်တဲ့ သူတို့ရဲ့ ဝင်ငွေတွေ၊ social media followers တွေရယ်နဲ့ google မှာ ရှာဖွေတဲ့ နှုန်းတွေကို ပေါင်းစပ်ပြီး တွက်ချက်ထားခဲ့တာလို့ ဆိုပါတယ်။
ဒီအယောက် 100 စာရင်းမှာ အမျိုးသမီး 8 ဦးသာ ပါဝင်ခဲ့ပြီး ရှာရာဗိုဗာက အမြင့်ဆုံးနေရာအဖြစ် အဆင့် 18 နေရာမှာ ရပ်တည်နေပါတယ်။
အကျော်ကြားဆုံး အားကစားသမား 10 ဦး
1. ရော်နယ်ဒို (ဘောလုံး)
2. လီဘရွန်ဂျိမ်း (ဘတ်စကက်ဘော)
3. မက်ဆီ (ဘောလုံး)
4. နေမာ (ဘောလုံး)
5. ဖာဒဲရား (တင်းနစ်)
6. ကယ်ဗင်ဒရန့် (ဘက်စကက်ဘော)
7. တိုက်ဂါးဝုဒ် ( Golf )
8. ခိုလီ (ခရစ်ကတ်)
9. ဂျိမ်းရိုဒရီဂွတ် (ဘောလုံး)
10. နာလ်ဒဲ (တင်းနစ်)
Credit : Sports Myanmar








