ပါလက်စတိုင်းက ၁၀ နှစ်အရွယ် အသက်အငယ်ဆုံး သတင်းထောက်
02 Jun 2016 1,726 Views

သာမန် ဆယ်နှစ်အရွယ်ကလေးတွေ ဂိမ်းဆော့ရင်း၊ ကျောင်းတက်ရင်း အလုပ်ရှုပ်နေချိန်မှာ ဂျန်နာဂျီဟတ်လို့ခေါ်တဲ့ ကလေးမလေးကတော့ အသက်အန္တရယ်နီးတဲ့ သတင်းထောက်အလုပ်ကို လုပ်ကိုင်နေပါတယ်။ သူမလုပ်ကိုင်နေတဲ့နေရာက ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခတွေရှိရာ West Bank နယ်မြေမှာ ဖြစ်ပြီး သူမရဲ့လူမျိုးတွေ ဒုက္ခ ရင်ဆိုင်နေရတာကို အများက သတိပြုမိလာစေဖို့ လုပ်ကိုင်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။
သူမကိုယ်တိုင်ကလည်း ပဋိပက္ခတွေရှိရာ ပါလက်စတိုင်းရွာလေးတစ်ရွာကဖြစ်ပြီး ငယ်စဉ်ကတည်းက စစ်ပွဲတွေကို မြင်ခဲ့ရပါတယ်။ သူမရဲ့ တစ်ဝမ်းကွဲအစ်ကို နဲ့ ဦးလေးတို့ သေဆုံးမှုဟာ သူတို့နယ်မြေမှာ ဖြစ်ပေါ်နေတဲ့ တရားမျှတခြင်းမရှိမှုတွေကို ဖော်ထုတ်ဖို့ လှုံ့ဆော်မှု တစ်ခုဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒေသတွင်း ဆန္ဒပြပွဲတွေမှာ မိခင်ရဲ့ ဖုန်းနဲ့မှတ်တမ်းတင်ခြင်းကနေ စတင်လုပ်ဆောင်လာခဲ့တဲ့ ဂျန်နာ့ကို အခုတော့ ကမ္ဘာကတောင် သတိထားမိလာပြီ ဖြစ်ပါတယ်။

မူရင်း Credit :http://www.duwun.com.mm/






