စိန်စီထားတဲ့ ကမ္ဘာ့စံချိန်တင် ဈေးအကြီးဆုံး မိကျောင်းသားရေ လက်ကိုင်အိတ်
02 Jun 2016 1,684 Views

စိန်ပွင့်စီခြယ်ထားတဲ့ မိကျောင်းသားရေ အမျိုးအစား Hermes အမှတ်တံဆိပ် အမျိုးသမီးလက်ကိုင်အိတ် တစ်လုံးကို စံချိန်တင် လေလံဈေးနှုန်း အမေရိကန်ဒေါ်လာ ၃၀၀,၀၀၀ ဖြင့် ရောင်းချနိုင်ခဲ့ပါတယ်။ ရှားပါးတဲ့ အဆိုပါ အမျိုးသမီးလက်ကိုင်အိတ်ကို မူလခန့်မှန်းထားတဲ့ လေလံဈေးနှုန်းထက် ပိုမိုတဲ့ဈေးဖြင့် အမည်မဖော်ပြသူက ဖုန်းဆက်ဝယ်ယူသွားခဲ့ကြောင်း Christie's လေလံကုမ္ပဏီက ပြောပါတယ်။

ဟောင်ကောင်မှာ ပြုလုပ်ခဲ့တဲ့ လေလံပွဲမှာ Hermes လက်ကိုင်အိတ်ကို ရောင်းချနိုင်ခဲ့တဲ့ ဈေးနှုန်းက ရှားပါးလက်ကိုင်အိတ်များ ရောင်းချမှုတွင် ကမ္ဘာ့စံချိန်တင် အမြင့်ဆုံးဈေးနှုန်း ဖြစ်ခဲ့ပါတယ်။ ကမ္ဘာ့စံချိန်တင် လေလံဈေးနှုန်းဖြင့် ရောင်းချနိုင်ခဲ့တဲ့ Hermes လက်ကိုင်အိတ်ကို ရှားပါးတဲ့ မိကျောင်းသားရေ၊ ရွှေဖြူနဲ့ စိန်ပွင့်တို့ဖြင့် အလှဆင်စီခြယ်ထားကြောင်း သိရပါတယ်။Credit: Shwemyanmarmedia







