BEC-TERO TV

Taylor Swiftနဲ့Calvin Harris တိုရဲ့ ၁၅လအကြာတွဲပြီးနောက်

03 Jun 2016     1,331 Views


ဒီသတင်းကသူတို့ ၂ယောက်ကို သဘောတူကြတဲ့  ပရိတ်သတ်တွေကို ရှော့်ခ်ဖြစ်စေခဲ့တဲ့ သတင်းဖြစ်ပါတယ်။ Taylor တို့နဲ့ နီးစပ်တဲ့ အသိုင်း အဝိုင်းကနေပြောကြားပြီး The Sunနဲ့Hollywood Lifeတို့ ကအခိုင်အမာဖော်ပြခဲ့တဲ့ သတင်းဖြစ်ပါတယ်။ Taylor ရဲ့ ပရိတ်သတ်တွေကတော့ Taylor အတွက် စိတ်မကောင်းဖြစ်နေကြပါတယ်။

“သူတို့၂ယောက် သဘောထားမတူလို့ လမ်းခွဲကြတာပါ။ ၂ယောက်လုံးကတော့ ကြေကွဲနေကြပါတယ်။ သူတို့က အနာဂတ် ကိုအတူတူဖြတ်သန်းဖို့ စီစဉ်ပြီးသား လေ၊ဒါပေမယ့် အခြားဘာကိစ္စကြောင့်မှတော့မဟုတ်ပါဘူး။သူတို့မှာအခြားရည်းစားတွေလည်းမရှိပါဘူး”လို့ အတွင်းလူက The Sunသတင်းစာကိုပြောခဲ့ပါတယ်။

အသက် ၂၆နှစ်အရွယ် Taylor နဲ့ အသက်၃၂နှစ်အရွယ် DJ Star တို့ဟာ ၁၅လကြာအောင် လက်တွဲ ခဲ့ကြတာလည်းဖြစ်ပါတယ်။ Taylor Swift အနေနဲ့လည် မကြာသေးခင်ကမှာ Vogueမဂ္ဂဇင်းကို သူတို့၂ယောက်ရဲ့ဆက်ဆံရေးဟာအရမ်းကိုဆန်းကြယ်လွန်းပါတယ်လို့ ပြောကြားခဲ့ပါသေးတယ်။

aprilလကလည်း iHeart Radio Awardsပွဲမာလဲသူမရဲ့ရည်စားကို ကျေးဇူးတင်စကားဆိုခဲ့ပါသေးတယ်။ “ကျွန်မဘဝမှာ အိမ်ပြန်ချိန်တိုင်း အသင့်စောင့်နေမယ့် ချစ်သူတစ်ယောက်ကို ပထမဆုံးရခဲ့တာပါ။ သူက အရမ်းကို တန်ဖိုးရှိတဲ့သူပါ။ ကျွန်မရဲ့ချစ်သူ Adamကို ကျေးဇူးတင်ပါတယ်” လို့ သူမဆုလက်ခံရယူရာမှာ ပြောကြားခဲ့ပါသေးတယ်။

သူတို့၂ယောက်ရဲ့ ဆက်ဆံရေးအေးစက်နေတာတော့ အနည်းငယ်ကြာခဲ့ပါပြီ။ ပုံမှန်အတိုင်းဆို ဆိုရှယ်မီဒီယာပေါ်မှာ ပုံတွေ တင်တတ်ကြပေမယ့် ဒီလိုမတင်တော့တာ မေလ၁၃ရက်နေ့ကတည်းကပါ။ လွန်ခဲ့တဲ့၂ပတ်ကလည်း calvin harris က ကားအက်ဆီးဒင့် ဖြစ်ခဲ့ပါသေးတယ်။ ဒါပေမယ့် ပြန်ကောင်းနေပြီတော့ဖြစ်ပါတယ်။

Taylor ဟာ Jake Gyllenhaal, Harry Stlyes, Taylor Lautner တို့နဲ့ တွဲခဲ့ပြိး တစ်ခါမှာ မတည်မြဲခဲ့ပါဘူး။ အသဲကွဲသီချင်းများစွာ ရေးစပ်ခဲ့ပြီး Calvinနဲ့မတွေ့မီအထိ ဘယ်သူနဲ့မှ မတွဲခဲ့ပါဘူး။ လွန်ခဲ့တဲ့နှစ် Brit Awardsမှာမှ Ellie Goulding က တေလာနဲ့ ကယ်လ်ဗင်ကိုမိဆက်ပေးခဲ့တာပါ။ Elleieက “သူတို့၂ယောက်လုံးက တကယ် ထူးချွန်တဲ့ လူကောင်းတွေပဲလေ။ သူတို့၂ယောက်အဆင်ပြေလောက်မယ်ထင်ပြီး မိတ်ဆက်ပေးခဲ့တာပါလို့”လဲ ပြောခဲ့ဖူးပါတယ်။Credit:Shwemom


03 Jun 2016     1,331 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment