BEC-TERO TV

မော်ရင်ဟို ကို ချီးကျူးခဲ့တဲ့ ဂန္တဝင် ဘောလုံးကစားသမားကြီး ပီလီ

03 Jun 2016     2,315 Views


ဘောလုံးလောကနဲ့ ဘရာဇီး ဂန္တ၀င်ကစားသမားကြီး ပီလီမှ မန်ယူနည်းပြသစ်မော်ရင်ဟိုဟာ နည်းပြကောင်းတစ်ဦးဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
 
သို့ပေမယ့် နည်းပြများအတွက် ကံတရားကလည်း အရေးပါကြောင်းမှတ်ချက် ပြုလိုက်ပါတယ်...
"ပထမဆုံးအနေနဲ့တော့ ကံတရားပေါ့ နည်းပြတိုင်းအတွက် ကံတရားက အရေးကြီးပါတယ် မော်ရင်ဟိုဟာ နည်းပြကောင်းတစ်ယောက်ပါ တကယ့်တော်တဲ့သူပေါ့"
 
"နည်းပြတစ်ယောက်ဟာ ကိုယ့်အသင်းအကြောင်းနဲ့ ဘောလုံးလောကရဲ့ ဖြစ်စဉ်တွေကို နားလည်ထားဖို့တော့လိုပါတယ် ကျွန်တော့်အနေနဲ့လည်း မော်ရင်ဟို ကံ့ကောင်းလိမ့်မယ်လို့ မျှော်လင့်ပါတယ်"
 
"ဘာလို့လည်းဆိုတော့ နည်းပြကောင်းတိုင်း အောင်မြင်မှုမရနိုင်တာကို ခင်ဗျားလည်း သိမှာပါ မော်ရင်ဟိုကိုတော့ လေးစားဖို့လိုတယ် ဘာလို့လည်းဆိုတော့ သူဟာ ထူးရှယ်နည်းပြတစ်ယောက်ပါ" လို့ ပီလီမှ ဆိုပါတယ်။

03 Jun 2016     2,315 Views




RELATED

Most Popular of International News

Most Popular of Sport