BEC-TERO TV

ကမ္ဘာ့ဈေးအကြီးဆုံး ဟိုတယ်(၄)ခု

04 Jun 2016     1,537 Views


ဆက်သွယ်သွားလာရေး လွယ်ကူလာတာနဲ့အမျှ လူတွေဟာ တစ်နေရာနဲ့တစ်နေရာ ပိုပြီး ခရီးသွားလာမှုတွေ လုပ်လာကြပါတယ်။ အကြောင်းပြချက်ကတော့ အမျိုးမျိုးရှိနိုင်ပြီး စီးပွားရေး၊ နိုင်ငံရေး၊ ပညာရေး စတာတွေအပြင် အပန်းဖြေခရီးသဘောမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဗဟုသုတအနေနဲ့ ကမ္ဘာ့ဈေးအကြီးဆုံး ဟိုတယ်(၄)ခု အကြောင်းကို ဖော်ပြလိုက်ပါတယ်။

(၁) Hotel President Wilson-ဆွဇ်ဇာလန် Hotel President Wilson ဟိုတယ်မှာ တည်းခိုမယ်ဆိုရင် တစ်ညတာ တည်းခိုစာရိတ် အဖြစ် ကန်ဒေါ်လာ 65,000 ကုန်ကျမှာ ဖြစ်ပါတယ်။ ဆွဇ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ တည်ရှိကာ အိမ်တစ်လုံး ကောင်းကောင်းဝယ်နိုင်တဲ့ ကုန်ကျ စာရိတ် ဖြစ်ပါတယ်။ 19376 sqft အကျယ်အ၀န်းရှိတဲ့ အိမ်ယာမှာ တည်းခိုခွင့် ရမှာဖြစ်ပြီး အိပ်ခန်း အကြီးလေးခု၊ marble bathroom 12 ခု ပါဝင်ပါတယ်။

(၂) Ty Warner Penthouse, Four Seasons Hotel-အမေရိကန် အမေရိကန်နိုင်ငံ နယူးယောက်ခ်မှာ တည်ရှိတဲ့ Ty Warner Penthouse, Four Seasons Hotel မှာ တည်းခိုမယ်ဆိုရင် တော့ တစ်ညတာ တည်းခိုစာရိတ်အဖြစ် ကန်ဒေါ်လာ 45000 ကုန်ကျမှာ ဖြစ်ပါတယ်။ 4,300sqft အကျယ်အ၀န်းရှိတဲ့ လုံးချင်းအခန်းကြီးဖြစ်ပြီး အခန်းကိုးခန်း ပါဝင်ကာ ဇိမ်ခံပစ္စည်း အပြည့်အစုံကို ခံစားရမှာ ဖြစ်ပါတယ်။

(၃) Raj Palace Hotel- အိန္ဒိယ Raj Palace Hotel ဟာ ကမ္ဘာ့အကြီးဆုံး ဟိုတယ်ဖြစ်ပြီး ရှေးယခင် မဟာရာဇာတို့ စံမြန်းခဲ့ရာ နန်းတော်ဟောင်းကြီးကို ဟိုတယ်အဖြစ် ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။ တစ်ညတာ တည်းခိုစာရိတ် ကန်ဒေါ်လာ 43000 ဖြစ်ပြီး 16,000 sq-fts ကျယ်ဝန်းတဲ့ လုံးချင်းအိမ်ယာမှာ အဆင်မြင့် ပရိဘောဂအစုံအလင်၊ ရေကူးကန်း၊ အားကစားကွင်း စတာတွေ ပါဝင်ပါ တယ်။

(၄) Laucala Island Resort – ဖီဂျီ ဖီဂျီနိုင်ငံ Laucala ကျွန်းမှာတည်ရှိတဲ့ Laucala Island Resort အပန်းဖြေဟိုတယ်ကး ဈေးနှုန်းမြင့်မားလှပြီး တစ်ညတာ တည်းခိုစာရိတ်အဖြစ် ကန်ဒေါ်လာ 40000 ကုန်ကျမှာ ဖြစ်ပါတယ်။ Privat Beach ကို ပိုင်ဆိုင်ရမှာ ဖြစ်ပြီး မြင်းစီး၊ စပိ ဘုတ်၊ ရေငုပ်၊ တင်းနစ် စတာတွေ အပြင် ဇိမ်အပြည့်နဲ့ တည်းခို အိပ်စက်နိုင်မှာဖြစ်ပါတယ် ။ Credit:Shwemom


04 Jun 2016     1,537 Views




RELATED

Most Popular of Special or Others

Most Popular of Entertainment