အီဖယ်တာဝါကြီးရှေ့မှာ ဘယ်လို ဓာတ်ပုံရိုက်ရမလဲ ကြိုတွေးသွားတဲ့ နန်းသူဇာ
06 Jun 2016 1,565 Views

ဥရောပဘက်သို့ Let's Go အစီအစဉ်နဲ့အတူ ပြင်သစ်ကို သွားနေပြီ ဖြစ်တဲ့အတွက် ရင်ခုန်နေတယ်လို့ ပြောခဲ့ပါ တယ်။ ငယ်စဉ်ကတည်းက ရောက်ဖူးချင်တဲ့ ပြင်သစ်နိုင်ငံကို ရောက်ရင် အီဖယ်တာဝါကြီးရှေ့မှာ ဘယ်လို ဓာတ်ပုံတွေ ရိုက်ရမလဲဆိုတာ တွေးပြီး ပျော်နေတယ်လို့လဲ ပြောထားပါတယ်။
"အီဖယ်တာဝါကြီးရှေ့မှာ ဓာတ်ပုံတွေ ဘယ်လိုရိုက်မလဲ ဆိုတာကိုလည်း စဉ်းစားထားတယ်။ အီဖယ်တာဝါ အပေါ်တက်ရင် ပိုက်ဆံပေးရတယ်လို့ ပြောတယ်။ တက်ဖြစ်၊ မတက်ဖြစ်တော့ မသိသေးဘူး။ အပေါ်တော့ အရမ်း တက်ချင်တယ်။ ဈေးကြီးတယ်လို့လည်း ပြောတယ်’’လို့ သူမက ဆိုပါတယ်။ Let's Go အစီအစဉ်ပြီးတဲ့နောက်မှာလည်း သူမရဲ့ တစ်ကိုယ်တော်စီးရီး ထွက်နိုင်ဖို့ ကြိုးစားသွားမယ်လို့ သိရပါတယ်။ Credit: Duwun






