BEC-TERO TV

ပြည်သူပိုင် နေရာများတွင် ကွမ်းယာရောင်းခြင်း နှင့် စားခြင်းများကို ပိတ်ပင်ပြီ

06 Jun 2016     1,686 Views


ကွမ်းဓလေ့ လျှော့ချရေးအတွက် ဦးဆုံးခြေလှမ်းအဖြစ် အများပြည်သူနေရာများနှင့် ကမ္ဘာ့လှည့်ခရီးသွားများအား ဆွဲဆောင်ရာနေရာများမှ ကွမ်းယာဆိုင်များအား ဖယ်ရှားသွားရေး လုပ်ဆောင်မှုတစ်ရပ်အား တာဝန်ရှိသူများက စတင်တော့မည်ဖြစ်ကြောင်း ဇွန် ၅ ရက်က အစိုးရသတင်းစာများတွင် ဖော်ပြသည်။
 
စည်ပင်သာယာနယ်မြေနှင့် မြို့ကြီးများ သန့်ရှင်းရေးအတွက် ယခုလ ပထမသီတင်းပတ်တွင် ကွမ်းလှုပ်ရှားမှုအား စတင်လုပ်ဆောင်မည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ပြောသည်။
 
ကွမ်းယာရောင်းချသည့် စီးပွားရေးလုပ်ငန်းများတွင်လည်း အခြားသော သက်မွေးဝမ်းကျောင်း အလုပ်အကိုင်များဖြင့် အစားထိုးဖြည့်ဆည်းပေးမည့် အစီအစဉ်လည်း ပါဝင်ကြောင်း ဝန်ကြီးဌာနက ပြောသည်။ တားမြစ်ထားသည့် နေရာများတွင် ကွမ်းယာရောင်းချခြင်းနှင့် ကွမ်းတံတွေး ထွေးခြင်းများကို တွေ့ရှိခဲ့ပါက နောက်ထပ်ပညာပေးအရေးယူမှုများ လုပ်ဆောင်မည်ဖြစ်ကြောင်းလည်း သတိပေးထားသည်။
 
ထို့ပြင် တလက်စတည်းအနေဖြင့် ကွမ်းစားခြင်းကြောင့် ဖြစ်ပွားနိုင်သည့် အာခံတွင်းကင်ဆာ၊ လည်ချောင်းကင်ဆာ၊ သွားဖုံးကင်ဆာနှင့် လျှာကင်ဆာများ ဖြစ်ပွားနိုင်သည့် အသိပညာများကို တိုးမြှင့်လုပ်ဆောင်သွားမည်ဟုလည်း တာဝန်ရှိသူများက ပြောသည်။
 
မြန်မာနိုင်ငံသည် အာရှတွင် ခံတွင်းကင်ဆာဖြစ်ပွားမှု အများဆုံးနိုင်ငံဖြစ်ကြောင်း သိရသည်။

06 Jun 2016     1,686 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS