ပူပူနွေးနွေး အော်စကာ ဆုရှင်ကြီးရဲ့ အချစ်ဇာတ်လမ်း
06 Jun 2016 1,758 Views

ရိုစီဟော်နာဆိုတဲ့ မော်ဒယ်မလေးနဲ့ ကမ္ဘာပတ်နေတယ်လို့ သိရပါတယ်။
မိန်းမလှလေးတွေ တစ်ယောက်ပြီးတစ်ယောက် ဒိတ်လုပ်နေတဲ့ လီယိုနာဒိုဟာ ဒီတစ်ခါတော့ အတည်တွဲနေတယ်လို့ ဆိုပါတယ်။
အသက် ၄၁ နှစ်အရွယ် ဟောလိဝုဒ်မင်းသားကြီးဟာ မော်ဒယ် ရိုစီဟော်နာနဲ့ ကမ္ဘာပတ်ခရီးစဉ်တွေ ပုံမှန် ထွက်နေတယ်လို့ The Sun က ရေးသား ဖော်ပြထားပါတယ်။
လီယိုဟာ ရိုစီနဲ့တွေ့ဖို့ မေလ ၃၁ ရက်က ယူကေကို သွားခဲ့ပြီး Tape နိုက်ကလပ်မှာ အတူကခဲ့ကြကာ လန်ဒန်က Chiltern Firehouse ကို သွားခဲ့တယ်လို့သိရပါတယ်။
"လီယိုက ရိုစီရဲ့ဘေးက တစ်ဖဝါးမှ မခွာဘူး။ ရိုစီက အရမ်းသဘောကောင်းပြီး ဂရုစိုက်တတ်တဲ့ သာမန်မိန်းကလေးပါ။ သူမက ကျော့ရှင်းလှပပြီး လီယိုနဲ့ ဝါသနာတူ၊စိတ်ကူးတူတာ များတယ်" လို့ သတင်းပေးတစ်ဦးက ဆိုပါတယ်။






