BEC-TERO TV

အောင်မြင်သွားပြီဖြစ်တဲ့ အရေးပြား အတု အစားထိုး ပြုလုပ်ခြင်း

06 Jun 2016     1,737 Views


အရေပြား တွန့်နေသည့် နေရာကို အုပ်လိုက်လျှင် လူငယ် အရေပြားအတိုင်း တင်းတင်းရင်းရင်း ဖြစ်သွား စေမည့် အရေပြားတုကို သိပ္ပံပညာ ရှင်များ အောင်မြင်စွာ ဖန်တီးနိုင်ခဲ့ကြောင်း သိရသည်။အရေပြားသည် ကနဦးတွင် ဓာတုဆေးရည်ကြည်မျိုး ဖြစ်သည်။
 
အရေပြားပေါ် သုတ်လိမ်းကာ ခြောက်သွားအောင် စောင့်လိုက်လျှင် လူငယ်တစ်ယောက်၏ ကျန်းမာသော အရေပြားအလွှာ အတိုင်း တင်းတင်းရင်းရင်း ဖြစ်သွားကြောင်း တွေ့ရသည်။ လေ့လာတွေ့ရှိချက် အသေးစိတ်ကို Nature Materials ဂျာနယ်တွင် ထည့်သွင်း ဖော်ပြထားသည်။
 
ထိုနည်းပညာကို အသုံးချကာ စီးပွားဖြစ် အလှကုန် ထုတ်ကုန်များ ဖန်တီးနိုင်အောင် စီစဉ်နေကြောင်း သိရသည်။ ထို့အပြင် ယခုအရေပြားတု နည်းပညာသည် ဆေးဘက်ဆိုင်ရာ အတွက်လည်း အသုံးဝင်မည် ဖြစ်သလို၊ နေလောင်ဒဏ် ကာကွယ်ရေး ပစ္စည်းအဖြစ်လည်းအသုံးဝင်လာနိုင်ကြောင်း သုတေသီတို့က ပြောသည်။
 
ဟားဗတ် ဆေးတက္ကသိုလ်နှင့် မက်ဆာချူးဆက် နည်းပညာ တက်္ကသိုလ်တို့မှ သုတေသီများ ပူးပေါင်း တီထွင်ခဲ့ကြခြင်း ဖြစ်သည်။ အလေ့လာခံသူများ၏ မျက်လုံးအောက်၊ လက်မောင်း၊ ခြေထောက် နေရာများကို အရေပြားဆေးရည်ကြည် လိမ်းပေးပြီး စောင့်ကြည့်ခဲ့ကြခြင်း ဖြစ်သည်။
 
ဓာတ်ခွဲခန်း အတွင်း ဆီလီကွန် နှင့် အောက်စီဂျင် မော်လီကျူးတို့ကို အဓိက ပစ္စည်းအဖြစ် အသုံးပြုကာ ပေါ်လီစီဆိုဇိန်းပိုလီမာ အရေပြားတုကို ဖန်တီးခဲ့ခြင်း ဖြစ်သည်။ အရေပြားတုသည် အစိုဓာတ်ကိုလည်း ထိန်းသိမ်းနိုင်သဖြင့် အောက်က အရေပြား အစစ်ကိုလည်း အရေဓာတ် မခန်းခြောက်အောင် ကူညီပေးနိုင်ကြောင်း သိရသည်။
 
အရေပြားတုသည် အရေပြားအစစ်၏ ဂုဏ်အင်ဖြစ်သော ဆွဲဆန့်လိုက်လျှင် မူလပုံစံသို့ ပြန်ရုန်းကန် ရောက်ရှိနိုင်စွမ်းလည်း ရှိကြောင်း တွေ့ရသည်။

06 Jun 2016     1,737 Views




RELATED

Most Popular of International News

Most Popular of NEWS