ချီလီနိုင်ငံ က ကမ္ဘာ့ အကြီးဆုံးရေကူးကန်ကြီး
06 Jun 2016 1,711 Views

ချီလီနိုင်ငံ၊ San Alfonso del Mar အပန်းဖြေစခန်းမှာတည်ရှိတဲ့ ရေကူးကန် ကြီးဟာ ကမ္ဘာ့အကြီးဆုံး ရေကူးကန်ကြီး ဖြစ်ပါတယ်။ ပစိဖိတ် သမုဒ္ဒရာရဲ့ ကမ်းခြေ၊ အယ်လ်ဂါရိုဘို မြို့တော်မှာ တည်ရှိနေတာ ဖြစ်ပါတယ်။ ဧရိယာ ၂၀ ဧက ကျယ်ပြီး အလျားဟာ ၃၃၂၃ ပေ ရှည်ပါတယ်။ ဘောလုံး ကွင်း ၉ ကွင်းစာ လောက် ကျယ်တာ ဖြစ်ပါတယ်။ အနက်ဆုံး ရေကူးကန် ဆိုလည်း မမှားပါဘူး။ ၁၁၅ ပေအထိနက်ပြီး ဂင်းနစ်မှတ်တမ်းဝင် အနက်ဆုံး ရေကူးကန် လည်းဖြစ်ပါတယ်။
ဒီ ဧရာမ ရေကူးကန်ကြီး အတွက် ရေတွေကို ပစိဖိတ် သမုဒ္ဒရာထဲက နေ ထည့်သွင်းထားတာ ဖြစ်ပြီး ရေဂါလံ ၆၆ သန်း အထိ ဝင်ဆံ့ပါတယ်။ သမုဒ်ဒရာထဲက ရေတွေကို စုပ်ယူဖို့၊ ကန်ထဲကရေ တွေကို သန့်စင်ဖို့ စတဲ့ လုပ်ငန်းတွေကို ကွန်ပျူတာ နဲ့ ကုန်လုံး ထိန်းချုပ်ထားပါတယ်။ ဒီဇင်ဘာ ၂၀၀၆ ခုနှစ်မှာ ဖွင့်လှစ်ခဲ့ပြီး ဒေါ်လာ ၂ သန်းကုန်ကျကာ ၅ နှစ်ကြာအောင် ဆောက်လုပ်ခဲ့ရတဲ့ ရေကူးကန်ဖြစ်ပါတယ်။




Credit : mayoneyinponepyinmat/
မူရင်း -http://www.ayesay.com.mm/%e1%80%81%e1%80%bb%e1%80%ae%e1%80…/






