BEC-TERO TV

ဥက္ကာခဲနဲ့ ပြုလုပ်ထားတဲ့ တွပ်တန်ခမန်ဘုရင်ရဲ့ ဓားမြှောင်

06 Jun 2016     2,064 Views


လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ လောက်က အီဂျစ် သဲကန္တာရ ထဲမှာ တွပ်တန်ခမန် ဘုရင်ရဲ့ အုတ်ဂူကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အုတ်ဂူထဲက ကြွင်းကျန်ပစ်စည်းတချို့နဲ့ အတူ ဓားမြှောင် တစ်လက်ကိုလည်း ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ၁၃ လက်မ ရှည်တဲ့ ဒီဓားမြှောင်ကို ဘုရင် အလောင်းအနားမှာ ယှဉ်လျက်တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။ နောက်ဆုံး လေ့လာမှုတွေ အရ အဲ့ဒီ ဓားမြှောင်ဟာ ဥက္ကာ ခဲရဲ့ ကျောက်သားနဲ့ ပြုလုပ်ထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဥက္ကာခဲကနေ သံ သတ္တု အဖြစ်ပြောင်းလဲ ထားတာ ဖြစ်ကြောင်းထူးဆန်းစွာတွေ့ရှိခဲ့ကြရပါတယ်။

အီဂျစ်နိုင်ငံ၊ မားရပ် မာထရု ကုန်းမြေမြင့် ပေါ်မှာ တွေ့ရှိခဲ့ရတဲ့ ခါဂါဆိုတဲ့ ဥက္ကာခဲ ရဲ့ ဓာတု ဒြပ်ပေါင်းတွေ နဲ့ တစ်ထပ်တည်း တူညီနေတာ ကို တွေ့ရှိခဲ့တဲ့ အတွက် ဒီလို ယူဆရခြင်းဖြစ်တယ် လို့လည်း ဆိုပါတယ်။ ဓားလက်ကိုင်ကို ရွှေနဲ့ ပြုလုပ်ထားတာ ဖြစ်ပြီး ဓားအိမ်ကိုတော့ ကနုတ်တွေ၊ ပန်းတွေ နဲ့ မွမ်းမံ စီခြယ်ထားပါတယ်။

Credit : mayoneyinponepyinmat/

မူရင်း -http://www.ayesay.com.mm/%e1%80%a5%e1%80%80%e1%80%b9%e1%80…/


06 Jun 2016     2,064 Views




RELATED

Most Popular of Special or Others

Most Popular of NEWS