BEC-TERO TV

မန္တလေးမြို့ရှိ အထင်ကရနေရာတွေနဲ့ တန်ခိုးကြီးဘုရားတွေမှာ ဆေးလိပ်ကင်း မဲ့ဇုန်တွေ သက်မှတ်တော့မည်

06 Jun 2016     1,304 Views


ဆေးလိပ်ဆေးရွက်ကြီးကြောင့် ဆေးလိပ်သောက်သုံးသူတွေသာမက ဆေးလိပ်ငွေ့ ရှုရှိုက်သူများပါ နှစ်စဉ် လူသန်းပေါင်းများစွာ သေဆုံးလျက်ရှိရာ မန္တလေးမြို့မှာ ဆေးလိပ်သောက်သုံးမှု လျော့ချနိုင်ဖို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဆောင်ရွက်နေပြီး ဆေးလိပ်ကင်းမဲ့ဇုန်တွေ ဖြစ်ပေါ်လာရေးအတွက် ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ '' နိုင်ငံတကာဆေးလိပ်တိုက်ဖျက်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းပြီး မန္တလေးမြို့ရှိ ကုသိုလ်တော်ဘုရားတွေ ဆေးလိပ်ကင်းမဲ့ဇုန်အဖြစ် သတ်မှတ်နိုင်ရန် နှင့် ဆေးလိပ်သောက်သုံးရန် နေရာများ စီစဉ်ပေးဖို့ တိုင်းအစိုးရအဖွဲ့ကို စာတင်ပြီး ယခုနှစ်အတွင်း လုပ်ဆောင်သွားမှာပါ၊ မန္တလေးမြို့မှာရှိတဲ့ အထင်ကရနေရာတွေ တန်ခိုးကြီးဘုရားတွေမှာ ဆေးလိပ်ကင်းမဲ့ဇုန်တွေ ဖြစ်ပေါ်လာဖို့ ဆက်လက်ဆောင်ရွက်သွားမှာပါ '' လို့ မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန တိုင်းဆရာဝန်ကြီး ဒေါက်တာ ၀င်းနိုင်က ကဆိုပါတယ်။

ဆေးလိပ်ကင်းမဲ့ဇုန် နဲ့ ဆေးလိပ်သောက်ရန် နေရာသတ်မှတ်ပေးခြင်းကို (၂၀၁၄)ခုနှစ်က ဥပဒေထုတ်ပြန်ပြီး ဆောင်ရွက်နေရှိရာ (၂၀၁၅)ခုနှစ်က မန္တလေးတိုင်းဒေသကြီး ပုဂံမြို့မှာ ဆေးလိပ်ကင်းမဲ့ဇုန်တွေ စတင်အကောင်အထည်ဖော်ခဲ့ပြီးနောက် ပုဂံမြို့မှာ ဆေးလိပ်ကင်းမဲ့ဇုန် နေရာ(၂၀)ကျော် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ အရင်က ဆေးလိပ်သောက်ဖို့ သတ်မှတ်ထားတဲ့ နေရာတွေကို မှန်လုံခန်းတွေနဲ့ ဆောင်ရွက်ခဲ့ပေမယ့် အခုတော့ ဆေးလိပ်သောက်ဖို့ သတ်မှတ်ထားတဲ့ နေရာရဲ့ ဘေးပတ်ပတ်လည်မှာ သစ်ပင် အများအပြားစိုက်ပျိုးပြီး ပြုလုပ်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

'' သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ပူးပေါင်းပြီး ပြည်သူလူထုတွေ ဆေးလိပ်၊ ဆေးရွက်ကြီး အန္တရာယ်ကို ကျယ်ကျယ်ပြန့်ပြန့် သိပြီး ဆေးလိပ်မလျော့သောက်အောင် လုပ်ဆောင်သွားမှာ ဖြစ်သလို ကျောင်းကျန်းမာရေးရက်သတ္တပတ်အနေဲ့ ဇွန်(၂၀) မှ (၂၆)ရက်နေ့ထိ မျိုးဆက်သစ် ကလေးငယ်တွေ ဆေးလိပ်ကြောင့် ကျန်းမာရေးထိခိုက်မှု သိအောင် ထိထိရောက်ရောက် အသိပညာပေးသွားမှာပါ '' ဒေါက်တာ ၀င်းနိုင်က ဆက်လက်ပြောပြပါတယ်။ မြန်မာနိုင်ငံအနေဖြင့် ဆေးလိပ်ဆေးရွက်ကြီးကြောင့် ရောဂါဖြစ်ပွားမှုသည် အမျိုးသား(၅၀)ရာခိုင်နှုန်း နဲ့အမျိုးသမီး(၃၈)ရာခိုင်နှုန်း ရှိပြီး နှစ်စဉ် အသက်(၂၅)နှစ် မှ (၄၅)နှစ်ကြား (၈၀)ရာခိုင်နှုန်းကျော်က ဆေးလိပ်ဆေးရွက်ကြီးကြောင့် ရောဂါဖြစ်၍ သေဆုံးနေခြင်းဖြစ်ကြောင်း သိရပါတယ်။

Credit : http://www.thithtoolwin.com/


06 Jun 2016     1,304 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS