BEC-TERO TV

ရေခဲမှုန့် အမျိုးအစား

06 Jun 2016     1,482 Views


ရေခဲမှုန့် အမျိုးအစားပေါင်းများစွာ ရှိပါတယ်... သစ်သီးများဖြင့်ပြုလုပ်ကြသလို...ကော်ဖီ ချောကလက် ကြက်ဥ များဖြင့်လည်း ပြုလုပ်ကြပါတယ်။ အခု ကျွန်တော် ဖော်ပြပေးမဲ့နည်းက မြို့ပေါ်မှာပဲဖြစ်ဖြစ် ကျေးလက်ဒေသမှာပဲဖြစ်ဖြစ် နေရာမရွေး ရေခဲမုန့်ကြိုက်နှစ်သက် သူများအတွက် အလွယ်ကူဆုံးနဲ့အရသာရှိတဲ့ ကြက်ဥနှစ် ရေခဲမှုန့်လေး မိမိအိမ်၌ ကိုယ်တိုင်လုပ်စားလို့ရအောင်လို့ ကျွန်တော် ဘ၀ခါးခါးက ဖော်ပြပေးလိုက်ပါတယ်။ ပါဝင်သော ပစ္စည်းများကတော့....

(1)နို့ရည်(50g) (2)သကြား(40g) (3)အုန်းနို့ရည်(50g) (4)ရေသန့်(10g) (5)ဆား ကော်ဖီဇွန်း(1/8) (6)ကြက်ဥတစ်လုံးကို ခွဲ၍ အတွင်းမှ အနှစ်ကိုသာ ထုတ်ယူပြီး အထက်ပါဖော်ပြထားသော ပစ္စည်းများဖြင့်အတူ ရောစပ်ပြီး အားလုံးရောသမသွားအောင် မွှေပေးရပါမည်။

အားလုံးရောစပ်သွားပါက ၎င်း အရည်များကို အနည်မပါအောင် အ၀တ်စသန့်သန့်(သို့)ရေစစ်ဖြင့် အခြားဇောက်နက်သော ကြွေပန်းကန်ထဲသို့ ပြောင်းပြီး စစ်ထည့်ပါ။ ကော်ရေပုံး အတွင်းသို့ ရေခဲတုံးများကို ကြေမွအောင်ထုပြီး ပုံထဲမှာပြသထားသည့်အတိုင်း ၎င်း ရေခဲတုံးများအတွင်းသို့ ရေစစ်ထည့်ထားသော ကြွေပန်းကန်ကိုထည့်၍ အနည်းငယ်အေးခဲလာသည့်တိုင်အောင် မွှေပေးပြီး ၁၅မီးနစ်ခန့် အပေါ်ယံမှ ပ၀ါစထူထူဖြင့် ဖုံးအုပ်ပေးထားလိုက်ရုံဖြင့် အရသာပြည့်ဝသော ရေခဲမှုန့် ကို စတင်စားသုံးနိုင်ပါသည်။

Credit : mayoneyinponepyinmat/


06 Jun 2016     1,482 Views




RELATED

Most Popular of Special or Others

Most Popular of NEWS