BEC-TERO TV

မျက်နှာကို ရေခဲနှင့်ပွတ်ခြင်းဖြင့်ရရှိနိုင်သော အကျိုးကျေးဇူး ၆ ချက်

06 Jun 2016     2,255 Views


မျက်နှာကို ကုသပုံကုသနည်း အမျိုးမျိုးရှိသည့်အနက်မှ ဒီတစ်ခါမှာတော့ ရေခဲဖြင့်ကုသနည်းလေးကို တင်ပြပေးလိုက်ပါတယ်။ ဒီနည်းလေးဟာ လူတိုင်းလည်း အလွယ်တကူလုပ်နိုင်ပြီး အချိန်နှင့်ငွေလည်း များစွာမကုန်စေတဲ့ နည်းလေးပဲဖြစ်ပါတယ်။ လိုအပ်တာကတော့ ရေခဲတုံးပင်ဖြစ်ပါတယ်။
 
(၁) အသားအရည်ကို ကြည်လင်စေနိုင်ပါတယ်
 
ရေခဲတုံးဖြင့် မျက်နှာကို ပွတ်တိုက်ပေးခြင်းအားဖြင့် သွေးလည်ပတ်မူကို အထောက်အကူပြုစေမှာဖြစ်ပြီး မျက်နှာကိုသိသိသာသာ ကြည်လင်လာစေမှာ ဖြစ်ပါတယ်။
 
(၂) မျက်နှာပေါ်မှအရာများကို ဖယ်ရှားနိုင်ခြင်း
 
မျက်နှာပေါ်မှာရှိတဲ့ အမည်းစက်များ၊ ဝက်ခြံများသာမက
ရောင်ရမ်းခြင်းနှင့် မျက်နှာနီမြန်းခြင်းကို သက်သာစေနိုင်ပါတယ်။
 
(၃) မျက်လုံးအောက်က အရေအကြောင်းများကို ကုသပေးနိုင်ပါတယ်
 
ညဘက်မအိပ်ခင်မှာ သခွားသီးဖြင့်ရောစပ်ကာ အသုံးပြုခြင်းဖြင့် မျက်လုံးအောက်မှ အရေးအကြောင်းများကို ဖယ်ရှားပေးနိုင်ပါတယ်။
 
(၄) Toner အဖြင့်လည်း အသုံးပြုနိုင်ပါတယ်
 
မိတ်ကပ်များမလိမ်းခင် မျက်နှာပေါ်မှာရှိတဲ့ အညစ်အကြေးများကို သန့်စင်စေရန် ရေခဲတုံးကို Toner အဖြင့်လည်း သုံးနိုင်ပါတယ်။
 
(၅) မိတ်ကပ်အစားသုံးနိုင်ပါတယ်
 
အကယ်၍ မိတ်ကပ်လိမ်းဖို့ အချိန်မရှိဘူးဆိုရင် ရေခဲတုံးကို အဝတ်စဖြင့်ပတ်ပြီး မျက်နှာတစ်ခုလုံး ပွတ်တိုက်နိုင်ပါတယ်။ ထိုအခါ မျက်နှာဟာ ကြည်လင်လာပြီး သဘာဝမျက်နှာပုံစံဖြင့် သွားနိုင်ပါတယ်။
 
(၆) ပါးရေနားရေတွန့်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်
 
နောက်ဆုံးအချက်ကတော့ ရေခဲတုံးဟာ ပါးရေနားရေတွန့်ခြင်းနှင့် မျက်နှာအရေးအကြောင်းများကို ကာကွယ်ပေးနိုင်ပါတယ်။ အဲဒီအတွက်ကြောင့် ရေခဲတုံးကို မျက်နှာအသားအရည်အတွက် မရှိမဖြစ်အသုံးပြုနိုင်ရန် တင်ပြပေးလိုက်ပါတယ်။

 


06 Jun 2016     2,255 Views




RELATED

Most Popular of Special or Others

Most Popular of Life Style