BEC-TERO TV

တက္ကသိုလ်တက်ဖို့ အသင့်ဖြစ်နေတဲ့ ကယ်လီဖိုးနီးယားမှ ၁၂ နှစ်အရွယ် ကောင်လေး

07 Jun 2016     1,252 Views


 Tanishq Abraham ဟာ သူမိဘတွေထံ ကောလိပ်တက်ခွင့်ပြုရန် တောင်းဆိုခဲ့ပါတယ်။ အဲဒီအချိန်မှာ သူ ၆ နှစ်မျှသာ ရှိတယ်လို့ SBS Sacramento က ဖော်ပြထားပါတယ်။ ၆ နှစ်ဘဲရှိသေးတဲ့သူက ကောလိပ်တက်ချင်တယ် ဟုတ်လားဆိုပြီး ကျွန်မတို့ အရေးမကြီးသလို ရယ်နေခဲ့ကြတယ်လို့ သူ့မိခင်က ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် ၇ နှစ်အရွယ်မှာ သူပြန်ပြီး အတန်းတက်ရောက်ဖို့ကိစ္စ American River College ကို တောင်းဆိုပေးဖို့ မိဘတွေထံ ပူဆာခဲ့ပါတယ်။ အရမ်းငယ်သေးတော့ ပါမောက္ခအများစုက သူတို့အတန်းကို မတက်စေချင်ကြပါဘူးလို့ Tanishq က ပြောပါတယ်။ နောက်ဆုံး ပါမောက္ခတစ်ဦးထံမှ သဘောတူခွင့်ပြုချက်ရခဲ့ပေမယ့် အမေပါ လိုက်ပေးရမယ် ဆိုတဲ့ သတ်မှတ်ချက်တစ်ခု ရှိခဲ့ပါတယ်။

Tanishq အတွက် အထူးချွန်ဆုံးကျောင်းသားဖြစ်လာဖို့ အချိန်သိပ်မကြာခဲ့ပါဘူး။ သူမေးခွန်းများများမေးဖို့ မကြောက်တတ်ဘူးလို့ သူ့ ပါမောက္ခတွေက ပြောဆိုကြပါတယ်။ ပြီးခဲ့တဲ့နှစ်က သူ general science၊ math and physical science နဲ့ foreign language studies ဖြင့် American River College ကနေ ဒီဂရီတွေတန်းစီ ရရှိခဲ့ပါတယ်။

အသက် ၁၂ နှစ် ပြည့်တဲ့ အချိန်မှာ University of California Davis ဝင်ခွင့်ရရှိပြီး University of California Santa Cruz မှ ပညာသင်ဆုတစ်ခု ရရှိခဲ့ပါတယ်။ UC Davis သို့မဟုတ် UC Santa Cruz တစ်ခုခုမှာ စာရင်းသွင်းတဲ့အချိန် သူဟာ သက်ငယ်ကျောင်းသားလေး ဖြစ်လာမှာ ဖြစ်တယ်။  Biomedical Engineering ဘာသာရပ်သင်ကြားပြီး ဒေါက်တာနဲ့ ဆေးပညာသုတေသီတစ်ယောက် ဖြစ်လာဖို့ ရည်ရွယ်ထားပါတယ်။

MD ရတဲ့အချိန်မှာ အသက် ၁၈ နှစ်ရှိမယ်လို့ ယူဆကြောင်း သူက ဆိုပါတယ်။ ထူးချွန်ထက်မြတ်တဲ့ ကလေးတွေ ကြောင်တောင်တောင်တွေလို့ မကြာခဏ ယူဆခံရတာ တွေ့ရတယ်လို့ Tanishq က ဆိုပါတယ်။ ဒါပေမယ့် သူဟာ ဗီဒီယိုဂိမ်းတွေ ကစားတတ်တဲ့ သာမန်ကလေးတစ်ယောက်သာ ဖြစ်တယ်လို့ ဆိုပါတယ်။ လေ့လာသင်ကြားရတာ နှစ်သက်သဘောကျရုံသက်သက်ပါလို့လည်း ပြောဆိုခဲ့ပါတယ်။Credit:Trend myanmar 


07 Jun 2016     1,252 Views




RELATED

Most Popular of Special or Others

Most Popular of NEWS