သဲ ကန္တာရထဲ တူးမြောင်းဆောက်မယ့် ဒူဘိုင်း
07 Jun 2016 1,760 Views

လူတွေ ဖန်တီးတဲ့ ကျွန်း၊ ကမ္ဘာ့အမြင့်ဆုံး အဆောက်အဦး စသည်ဖြင့် နာမည် ကျော် နေရာတွေ စုံစုံလင်လင် တည်ရှိတဲ့ ဒူဘိုင်းမှာ ၇ မိုင်ခွဲလောက် အရှည်ရှိတဲ့ တူးမြောင်းကို ဆောက်လုပ်ဖို့ အတွက် စီစဉ်နေကြပါတယ်။ ခန့်မှန်းခြေ ဒေါ်လာ ၂၇၅ သန်းကုန်ကျမဲ့ ဒီတူးမြောင်းပရောဂျက်ကို Marasi Business Bay လို့ အမည်ပေးထားပါတယ်။ ဒီတူးမြောင်းဟာ ဒူဘိုင်းမြို့တော်ရဲ့ ဆားငန်ရေတွေပါဝင်တဲ့ ချောင်း အဖြစ်စီးဆင်းနေမှာ လည်း ဖြစ်ပါတယ်။
ဒီတူးမြောင်းပေါ်မှာ ရေပေါ်အိမ်တွေ၊ အပန်းဖြေနားခိုနိုင်မဲ့ နေရာ တွေလည်း စီစဉ်ထားရှိဦးမှာ ဖြစ်တယ် လို့ဆိုပါတယ်။ ဒါ့အပြင် ကော်ဖီဆိုင်တွေ၊ ပန်းခြံတွေ၊ ဟိုတယ် တွေကိုလည်း ထည့်သွင်းဆောက်လုပ်သွားမှာ ဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ်လောက်မှာ ပြီးမြောက်မယ် လို့ ယူဆရပါတယ်။
.jpg)



Credit : mayoneyinponepyinmat/
မူရင်း - http://www.ayesay.com.mm/%e1%80%9e%e1%80%b2-%e1%80%80%e1%8…/






