BEC-TERO TV

အမျိုးသမီးများ တင်ပါး အရွယ်အစား နဲ့ ညဏ်ရည်ညဏ်သွေး ဆက်စပ်မှုရှိကြောင်း တွေ့ရှိ

07 Jun 2016     1,462 Views


ကယ်လီဖိုးနီးယား တက္ကသိုလ်နှင့် ပစ်ဘာ့ဂ် တက္ကသိုလ်နှစ်ခု၏ သုတေသနပြုချက်အရ တင်ပါးအရွယ်အစားသည် ဥာဏ်ရည်ဥာဏ်သွေးနှင့် ဆက်စက်နေကြောင်းတွေ့ရှိခဲ့ရသည်။ အမျိုးသမီး ၁၆,၀၀၀ ကျော်ကို လေ့လာဆန်းစစ်ရာတွင် ခန္ဓာကိုယ် တောင့်တင်းခိုင်မာသော အမျိုးသမီးများသည် ပိန်ပါးသော အမျိုးသမီးများထက် ဥာဏစစ်ဆေးမှုများ၌ ပိုမို ထူးချွန်ကြသည်ကို တွေ့ရှိခဲ့သည်။
 
တင်ပါးနှင့် ပေါင်တွင် ဦးနှောက်စွမ်းရည် နှင့် ကျန်းမာရေးကောင်းခြင်းကို တိုးတက်စေနိုင်သော အိုမီဂါ -၃ အဆီပါဝင်သည်။ သို့သော် ၀မ်းဗိုက်ပိုင်းတွင်ပါဝင်သော အဆီမှာ အိုမီဂါ -၆ အဆီဖြစ်၍ ကျန်းမာရေးကို ထိခိုက်စေပြီး ခန္ဓာကိုယ် အလေးချိန်တိုးစေသည်။ သစ်တော်သီးပုံစံနှင့် သဲနာရီပုံစံရှိသော ခန္ဓာကိုယ်ပိုင်ရှင်များသည် အိုမီဂါ -၃ ဓာတ်ပိုမိုများပြား၍ ၄င်းတို့၏ ဦးနှောက်နှင့် ဥာဏ်ရည်ဥာဏ်သွေးမှာ ပိုမိုထက်မြက်စေသည် ဟုဆိုသည်။
 
တင်ပါးပိုမို ကြီးမားသော မိန်းကလေးများမှာ ပိုမိုကျန်းမာသော ကလေးများမွေးဖွားနိုင်သည်။ ဤ ကျန်းမာရေးနှင့်ညီညွတ်သော အဆီဓာတ်များမှာ သန္ဓေသား၏ ဦးနှောက်ဖွံ့ဖြိုးမှုကို တိုးတက်စေ၍ ယင်းအဆီဓာတ်များလေ ပို၍ကျန်းမာလေဖြစ်သည်။
အောက်စဖို့ဒ် တက္ကသိုလ်၏ လေ့လာချက်အရ မိခင်နို့ရည်တွင်ပါဝင်သော အဆီမှာ မိခင်၏ခန္ဓာကိုယ် အောက်ပိုင်းဖြစ်သော ပေါင်နှင့် တင်ပါးမှလာ၍ အိုမီဂါ -၃ အဆီများပြားခြင်းကြောင့် အဟာရ အလွန်ပြည့်ဝသော မိခင်နို့ရည်ရရှိစေသည်ဟုဆိုသည်။

07 Jun 2016     1,462 Views




RELATED

Most Popular of Special or Others

Most Popular of NEWS