BEC-TERO TV

ဂရိက ကမ်းခြေတစ်ခုမှာ မီလျံနာတစ်ဦးနဲ့ nicole scherzinger

07 Jun 2016     1,294 Views


pussycat dolls အဖွဲ့ဝင် ဟောင်းဖြစ်ခဲ့တဲ့ nicole scherzinger မနှစ်က Lewis Hamilton နဲ့ ကွဲသွားတဲ့နောက် စိတ်လေလွင့်ပြီး Mykonos ကျွန်းကို သွားခဲ့ပါတယ် ။ မီလျံနာ Joe ဟာ Nicole နဲ့ Lewis မပြတ်ခင်ကတည်းက သူငယ်ချင်းတွေ ဖြစ်ခဲ့ကြပြီး အဲဒီအချိန်တုန်းက ဖော်မြူလာဝမ်း စတား lewis နဲ့ အမြဲပျော်ရွှင်စေဖို့ မျှော်လင့်ပေးခဲ့တာပါလို့ ဆိုပါတယ်။

" Nicole က ဂရိမှာရှိတဲ့ မိုင်ကွန်နိုစ်ကျွန်းပေါ်က ကျွန်တော့်ကလပ်ထဲကို ရောက်လာခဲ့တယ်။ ကျွန်တော် သူ့ကို စွဲလမ်းသွားခဲ့တယ်။ သူက အရမ်းကို မိုက်နေတာ။ အဲဒီတော့ ယောက်ျားတစ်ယောက်အနေနဲ့ ဘာလုပ်ရမလဲ" လို့ Joe က ရင်ဖွင့်ခဲ့ပါတယ်။

Nicole ရဲ့မွေးနေ့မှာလဲ Joe က သူမနဲ့ သူငယ်ချင်းတစ်စုကို မိုင်ကိုနိုစ်ကျွန်းကို ဖိတ်ခေါ်ခဲ့ပါသေး တယ်။ သူတို့တွေ စကားတွေ အများကြီးပြောခဲ့ကြပြီး နားလည်မှုတွေ ရရှိခဲ့ကြပါတယ်။ ရည်းစားနဲ့ ကွဲလို့ အသည်းကွဲဝေဒနာ ခံစားနေရတဲ့ Nicole ကို Joe က များစွာ အားပေးနှစ်သိမ့်ခဲ့ပါတယ်။

Joe ဟာ Nicole ကျွန်းပေါ်မှာ ရှိနေတဲ့အချိန်တွေမှာ ဓာတ်ပုံဆရာတွေအနားမကပ်ရအောင် စောင့်ရှောက်ပေးခဲ့သူလည်း ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ဇာတ်လမ်းဟာ ခိုင်မာတဲ့ အချစ်ဇာတ်လမ်းတစ်ခု ဖြစ်မလာခဲ့ပေမဲ့ မိတ်ဆွေသူငယ်ချင်းတွေအဖြစ် အဆက်အသွယ်ရှိနေဆဲဖြစ်ပြီး Joe ကလည်း Nicole ကို စွဲလမ်းနေဆဲပဲလို့ ရင်ဖွင့်ခဲ့ပါတယ်။ Credit : Duwun


07 Jun 2016     1,294 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment