BEC-TERO TV

လိင်ပြောင်းထားတဲ့ ချစ်သူကို သတ်ပြီး အလောင်းဖျောက်ဖျက်ခဲ့သူ ထိုင်ဝမ်နိုင်ငံသားအား ဖိလစ်ပိုင်ရဲက ဖမ်းဆီး

07 Jun 2016     1,522 Views


ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ ကို လာရောက် နေထိုင်နေသူ ထိုင်ဝမ်နိုင်ငံသား Tsai Che-yu တီစိုင် ချီယူ အသက် ၂၅ နှစ်ကို မနီလာရဲတွေက သူနေထိုင်နေတဲ့ ကွန်ဒို တိုက်ခန်း မှာ အတူနေထိုင်နေသူ ရောဘတ် ၀ီလီယမ် (လိင်ပြောင်းထားသူ) ကို သတ်ပြီး အလောင်းဖျောက်ဖျက်ခဲ့မှုနဲ့  ယခုလ (၅)ရက်နေက ဖမ်းဆီးလိုက် ပါတယ်။ CCTV မှတ်တမ်းအရ မနက် လေးနာရီမှာ "တီစိုင် "ဟာ ခရီးဆောင်အိပ်ကြီး တလုံး နဲ့  တိုက်ခန်းကနေ ထွက်သွားခဲ့တာကို တွေ့ ရပြီး အိပ်ထဲမှာ သူသတ် ထားတဲ့ လိင်ပြောင်းထားသူရဲ့ အလောင်းကို ထည့်သွားခဲ့တာဖြစ်ပါတယ်။

သူသယ်ဆောင်သွားတဲ့ အိပ်ကြီးအတွင်းက သွေးတွေ စီးထွက်လာတဲ့  သွေးကွက်တွေကို ကြမ်းပြင်မှာ မြင်တွေ့ ခဲ့ပြီးလုံခြုံရေးဝန်ထမ်း တွေက ရဲစခန်းကိုဖုန်းဆက် အကြောင်းကြားလိုက်တာပါ။ သေဆုံးသူဟာ အတူနေကြရင်း ငွေအတင်းအကြပ်တောင်းနေတာကြောင့် စကားများ ရန်ဖြစ်ပြီး သတ်ခဲ့ကြောင်း တရားခံ တီစိုင်က ၀န်ခံခဲ့ပါတယ်။ ဖိလစ်ပိုင်နိုင်ငံမှာ ထိုင်ဝမ် နိုင်ငံသားတွေ ခုလို လူသတ်ပြီး ခရီးဆောင်အိပ်ထဲထည့် ဖျောက်ဖျက်ခဲ့တာဟာ ဒုတိယ အကြိမ်ပါ၊ ပထမ အမှုမှာ အသက် ၄၆နှစ် Kuoဆိုသူက မိန်းမ ဖိလစ်ပိုင်နိုင်ငံသူကို သတ်ပြီး ခုလိုအလောင်းဖျောက်ဖျက် ခဲ့ဘူးပါတယ်။ ထိုင်းနိုင်ငံမှာ လာရောက်နေထိုင်နေကြတဲ့ ထိုင်ဝမ် နိုင်ငံသား ဒုစရိုက်ဂိုဏ်းဝင်တွေ လည်း ခုလို ပုံစံမျိုး လူသတ်မှုတွေ ကျူးလွန်လေ့ရှိကြောင်း သိရပါတယ်။

Credit : http://www.thithtoolwin.com/


07 Jun 2016     1,522 Views




RELATED

Most Popular of Special or Others

Most Popular of NEWS