BEC-TERO TV

ဗြိတိသျှကောင်စီ မြန်မာမှ စာကြည့်တိုက်အကြီးအကဲ ဒေါ်မို့မို့စိုး ဗြိတိန်ဘုရင်မမှချီးမြင့်သည့် MBE ဘွဲ့ရရှိ

07 Jun 2016     1,264 Views


ဗြိတိသျှ ကောင်စီမြန်မာမှ စာကြည့်တိုက်အကြီးအကဲဖြစ်သူ ဒေါ်မို့မို့စိုးမှာ ဗြိတိန် ဘုရင်မမှ ချီးမြှင့်သည့် MBE ဘွဲ့ကို ရရှိသွားကြောင်း သိရသည်။ ရန်ကုန်မြို့ရှိ ဗြိတိသျှကောင်စီ မြန်မာ စာကြည့်တိုက်တွင် နှစ်နှစ်ဆယ်ကျော်တာဝန်ထမ်းဆောင်ခဲ့သူ ဒေါ်မို့မို့စိုးမှာ ၄င်းတာဝန် ထမ်းဆောင်ခဲ့စဉ်ကာလအတွင်း စာကြည့်တိုက်အား လူထုအကျိုးပြုစာကြည့်တိုက် ဖြစ်လာစေရန် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သောကြောင့် အဆိုပါဘွဲ့ကို ချီးမြှင့်ခံရခြင်းဖြစ်သည်ဟု သိရသည်။ ‘အဓိကကဗျာ ဗြိတိသျှကောင်စီ စာကြည့်တိုက်က ကျွန်တော်တို့နိုင်ငံနဲ့ ပတ်သက်ပြီးသူလုပ်ခဲ့တဲ့ ပညာရေးနဲ့ ပတ်သက်တဲ့ အစီစဉ်တွေ လူမှု့အဖွဲ့စည်းတွေ လူ့အခွင့်ရေးနဲ့ ဒီမိုကရေစီအရေး လှုပ်ရှားသူတွေနဲ့ပတ်သက်လို့လည်း သူ့အနေနဲ့ အထောက်ကူပြုနိုင်မဲ့ အစီစဉ်တွေ ချမှတ်ဆောင်ရွက်ပေးနိုင်ခဲ့လို့ ပေးတာပါ။ သူက ဒီမှာ နှစ်နှစ်ဆယ်ကျော်တာဝန်ထမ်းခဲ့တယ်။ သင်တန်းတွေပေးတယ်။

လူ့အခွင့်ရေးနဲ့ ပတ်သက်တဲ့ စာအုပ်စာတမ်းတွေ ၊ ကမ္ဘာနိုင်ငံရေး ပြောင်းလဲမှုတွေနဲ့ ပတ်သက်တဲ့ စာအုပ်စာတမ်းတွေကို လူ့အခွင့်ရေးလှုပ်ရှားသူတွေ နိုင်ငံရေးသမားတွေအတွက် ခေတ်စနစ်ဆိုးဝါးနေတဲ့အချိန်ကတောင် လေ့လာနိုင်အောင်ဖတ်ရှူနိုင်အောင်ကူညီပေးခဲ့လို့ ရတာ။ ‘ ဟု ဗြိတိသျှကောင်စီ စာကြည့်တိုက်မြန်မာမှ ၀န်ထမ်းတဦးဖြစ်သူ ကိုခိုင်မင်းက ပြောသည်။ ဗြိတိသျှ ဘက်ကင်ဟမ်နန်းတော်မှ ချီးမြှင့်သည့် MBE ခေါ် Member of The most excellent order of The British empire မှာ OBE အစရှိသည့် ဘွဲ့များကဲ့သို့ ပင် ဗြိတိန် နိုင်ငံအကျိုးသယ်ပိုးသူ သို့မဟုတ် အများပြည်သူအကျိုးအတွက် အမှန်တကယ်နှစ်ရှည်လများဆောင်ရွက်သူ ၊ ထူးချွန်မှုတွင် စံပြုလောက်သူများကို ပေးအပ်လေ့ရှိသည့် ဘွဲဖြစ်ပြီး ဘွဲ့ရရှိသူများ စာရင်းတွင် ကမ္ဘာကျော် ဘီတဲလ် ကဲ့သို့ တေးဂီတအဖွဲ့လည်း ပါဝင်ပါသည်။

လူ့အခွင့်ရေး လှုပ်ရှားသူများနှင့် သတင်းမီဒီယာသမားများကိုဖိနှိပ်ကာ လွတ်လပ်ခွင့်ကို များစွာ ချုပ်ခြယ်ခဲ့သည့် ပြီးခဲ့သည့် အာဏာရှင်အစိုးရလက်ထက်များတွင် ရန်ကုန်မြို့ရှိ ဗြိတိသျှကောင်စီ စာကြည့်တိုက် ၊ အမေရိကန် စင်တာကဲ့သို့သော နေရာများမှာ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအရေးလှုပ်ရှားသူများ ၊ သတင်းမီဒီယာသမားများအတွက် လေ့လာစရာနေရာဖြစ်ခဲ့ပြီး အဆိုပါ စာကြည့်တိုက်များမှ ပေးအပ်သည့် သင်တန်းများမှာလည်း ထိရောက်မှုများ ရှိခဲ့သည်ဟု စစ်အစိုးရလက်ထက်က လူ့အခွင့်ရေးလှုပ်ရှားသူအဖြစ် ရပ်တည်ခဲ့သူ ကိုလကျာ်ထွန်းက ပြောသည်။

Credit : https://www.facebook.com/News.TheLadies/


07 Jun 2016     1,264 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS