ဥက္ကာခဲနဲ့ပြုလုပ်တဲ့ ပထမဆုံး သေနတ်
07 Jun 2016 2,039 Views

ဥက္ကာခဲနဲ့ပြုလုပ်ထားတဲ့ သေနတ်ကို အမေရိကန် လက်နက်ကုမ္ပဏီတစ်ခုက ထုတ်လုပ်လိုက်ပါတယ်။ Gibeon လို့ခေါ်တဲ့ ဥက္ကာခဲကနေ ပြုလုပ်ထားတာဖြစ်ပြီး ကမ္ဘာပေါ်မှာ ဥက္ကာခဲနဲ့ပြုလုပ်တဲ့ ပထမဆုံးသေနတ်လည်း ဖြစ်ပါတယ်။ Cabot Guns ကုမ္ပဏီက ထုတ်လုပ်တာဖြစ်ပြီး ဥက္ကာခဲဟာလွန်ခဲ့တဲ့ နှစ်ပေါင်း ၄.၅ ဘီလီယံလောက်က ကမ္ဘာမြေပေါ်ကျရောက်ခဲ့တာလို့ ခန့်မှန်းထားကာ နမ်ဘီယာနိုင်ငံမှာ ၁၈၃၀ ပြည့်နှစ်ပိုင်းက တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ တန်ဖိုးအလွန်ကြီးမြင့်မှုကြောင့် သေနတ်ပြုလုပ်ဖို့ ဥက္ကာခဲကို ဖြတ်ထုတ်ခြင်းဟာ အလွန်ခက်ခဲတဲ့ အလုပ်ဖြစ်ခဲ့တယ်လို့ ကုမ္ပဏီကို တည်ထောင်သူ ရော့ဘ်ဘိုင်ယန်ချင်က ပြောကြားထားပါတယ်။

Credit : mayoneyinponepyinmat/
မူရင်း - http://www.duwun.com.mm/news/odd/-id5114203.html








