ပရိသတ်ရဲ့မင်္ဂလာပွဲကို ကြိုအသိမပေးဘဲ တက်ရောက်တဲ့ တေလာဆွစ်
07 Jun 2016 1,558 Views

ပရိသတ်တွေကို အံ့သြပျော်ရွှင်စေတတ်သူ တေလာဆွစ်က ဒီတစ်ကြိမ်မှာလည်း စုံတွဲတစ်တွဲကို အကြီးအကျယ် အံ့သြစေခဲ့ပါတယ်။ စနေနေ့မှာကျင်းပခဲ့တဲ့ မက်စ် စင်ဂါနဲ့ ကန်ညာ စမစ်သ်တို့ရဲ့ မင်္ဂလာပွဲကို တေလာက ကြိုတင်အသိမပေးဘဲ တက်ရောက်ခဲ့ပြီး သီချင်းတစ်ပုဒ်နဲ့ ဖျော်ဖြေခဲ့တာပါ။ Blank Space သီချင်းကို ကိုယ်တိုင်ပဲ စန္ဒယားတီးကာ မင်္ဂလာမောင်နှံအတွက် သီဆိုပေးခဲ့ပါတယ်။
အပျော်လွန်နေတဲ့ ဇနီးမောင်နှံက တေလာရဲ့သီချင်းနဲ့အတူ အံ့သြမှုနဲ့အတူ ကခဲ့ကြပါတယ်။ ဒါ့ပြင် တေလာက ကိုယ်တိုင်ဖန်တီးထားတဲ့ အမှတ်တရလက်ဆောင်ကိုလည်း ပေးခဲ့ပါသေးတယ်။ တေလာဆွစ်ကြောင့် နှစ်ဘက်အသိုင်းဝိုင်းသာမက ပွဲတက်လာတဲ့ဧည့်သည်တွေကပါ အံ့သြပျော်ရွှင်ခဲ့ရပြီး မှတ်တမ်းဗီဒီယိုတွေကို သတို့သမီးရဲ့ အစ်မဝမ်းကွဲက တွစ်တာပေါ်မှာ တင်ပေးခဲ့ပါတယ်။

Credit : http://www.duwun.com.mm/





