BEC-TERO TV

မြန်မာ့ပထမဦးဆုံး ဒိုင်နိုဆော ရုပ်ရှင် ဇာတ်ကားမှာပါဝင်သရုပ်ဆောင်မယ့် စစ်လွန်းဝတီထက်

08 Jun 2016     1,438 Views


မြန်မာ့ပထမဦးဆုံး ဒိုင်နိုဆောရုပ်ရှင်ဇာတ်ကားDinosaurs Village (Journey To The Pangaea) ကို သြဂုတ်လထဲမှာတော့ ဒါရိုက် တာညိုမင်းလွင်က ရိုက်ကူးပုံဖော်တော့မှာဖြစ်ပြီး အဓိက ကလေးသရုပ် ဆောင်တွေနေရာမှာတော့ သရုပ်ဆောင်အဆိုတော် စိုင်းလွှမ်းနဲ့ အကယ် ဒမီ ထက်ထက်မိုးဦးတို့ရဲ့သမီးလေး စစ်လွန်းဝတီထက်က ပါဝင်သရုပ် ဆောင်သွားမှာ ဖြစ်ပါတယ်။ စစ်လွန်းဝတီထက်က ကြော်ငြာတွေကိုသာ ဆက်တိုက်ရိုက်ကူးဖြစ်ပေ မယ့် ဗီဒီယိုနဲ့ ရုပ်ရှင်ဇာတ်ကားတွေကို ရိုက်ကူးဖူးထားခြင်း မရှိတဲ့ အတွက် သူ့ရဲ့ သရုပ်ဆောင် အနုပညာဗီဇကို ပထမဦးဆုံးထုတ်ပြခွင့်ရမယ့် ရုပ်ရှင်ဇာတ်ကားဖြစ်လာမှာဖြစ်တယ်လို့ ဖခင်ဖြစ်သူ စိုင်းလွှမ်းက ပြော ပါတယ်။ “သူက ဝါသနာပါတာကို လုပ်နေရရင် ပျော်ရွှင်နေတတ်တဲ့သူ။

အခုလို ရိုက်ရမယ်ဆိုတော့ အစ်ကိုတို့လည်း ပျော်တာပေါ့။ သူက အဓိက ပြောရရင် အနုပညာနဲ့ပတ်သက်ပြီးတော့ပဲ သူနေထိုင်တယ်။ သူ့ရဲ့Relax တစ်ခုကလည်း ဓာတ်ပုံ တွေရိုက်တာ၊ သီချင်းဆိုတာ၊ သီချင်း တီးတာတွေဖြစ်တယ်။ သူစိတ်ဝင်စားတာကိုပဲ သူလေ့ လာနေတာကို သွားတွေ့ရတယ်။ အစ်ကိုကိုယ်တိုင် သူ့ရဲ့အနုပညာအပြု အမူတွေကို သတိထားမိ လာတယ်။ အနုပညာ ဗီဇပါလာနေတာကို သွား တွေ့ရ တယ်။ ပြီးတော့ စစ်လွန်းလေးက ဗီဒီယိုနဲ့ ရုပ်ရှင်တစ် ခါမှမရိုက်ဖူးသေးဘူး။ အစ်ကိုတို့ မိဘတွေဘက်ကလည်း ရိုက်ဖို့ကို စီစဉ်ပေး မထားတာ။ ဘာဖြစ်လို့လဲဆိုတော့ ကလေး သရုပ်ဆောင် အနေနဲ့ မဖြစ်စေချင်ဘူးလေ။

ဒါ ပေမဲ့ ကိုညိုမင်းလွင်က သူဖန်တီးထားတဲ့ ဒိုင်နို ဆော Clip လေးကို ပြလာတဲ့အချိန်မှာ စစ်လွန်းဝတီ ထက်လေးကို မေး ကြည့်တဲ့အချိန်မှာလည်း လုပ် မယ်ဆိုတာနဲ့ ခွင့်ပြုလိုက် တယ်။ ပြီးတော့ တစ်ခုပြန် စဉ်းစားတော့ ဒီလိုဇာတ် ကားမျိုးကို သူအရွယ် ရောက်လာလို့ ပြန်ကြည့်တဲ့ အခါမှာ အမှတ်တရ ဖြစ် နေစေမယ်လေ။ ပြီးတော့ ကိုညိုမင်းလွင်ရဲ့ သမီး လေး နှစ်ေ ယာက်လည်း ပါတော့ သူနဲ့က သူငယ် ချင်းတွေဆိုတော့ ပျော် နေတာပေါ့” လို့ သရုပ် ဆောင် အဆိုတော် စိုင်းလွှမ်းက ပြောပြ ပေး ပါတယ်။ ရုပ်ရှင်ဇာတ်ကား ဖြစ်လို့ စစ်လွန်းဝတီ ထက်လေးကို ရိုက် ကူးခွင့်ပေး လိုက် တာ မျိုးမဟုတ် ဘဲ ဒါရိုက်တာ ညိုမင်းလွင် ရိုက်ကူးတဲ့ ဒိုင် နိုဆောဆိုတဲ့ ဇာတ်ကားဖြစ် တဲ့အတွက် စစ် လွန်းဝတီ ထက် လေးအတွက် ဘဝအမှတ်တရ တစ်ခုဖြစ်စေချင်လို့ပဲ ဖြစ်ကြောင်း စိုင်းလွှမ်းက ဆိုပါတယ်။

Credit : https://www.facebook.com/popularjournal/?fref=nf


08 Jun 2016     1,438 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment