BEC-TERO TV

လာမည့်ရာသီတွင်အသုံးပြုမည့် ပရီးမီးယားလိဂ်ဘောလုံးပုံစံ အွန်လိုင်းတွင်ပေါက်ကြား

08 Jun 2016     1,589 Views


ဇွန် ၇၊ လန်ဒန်။ ။ လာမည့်ရာသီ ပရီမီးယားလိဂ်တွင် အသုံးပြုမည့် ဘောလုံးပုံစံဟုယူဆရသည့် ဓါတ်ပုံမှာ အွန်လိုင်းတွင်ပေါက်ကြား ပျံ့နှံ့နေသည်။ ၂၀၁၆-၁၇ ဘောလုံးရာသီတွင်အသုံးပြုဖွယ်ရှိသည့် Nike Ordem 4 ဟုအမည်ရသော ယင်းဘောလုံး၏ပုံစံမှာ လိုဂိုအသစ်ကို အပြာ၊ အစိမ်းနှင့် ခရမ်းကွက်များရောစပ်ဝန်းရံထားပြီး အနက်လိုင်းကွက်များပါရှိသည့်ပုံစံဖြစ်သည်။ ယင်းဘောလုံးပုံစံနှင့်ပတ်သက်ပြီး တရားဝင်အတည်ပြုရခြင်းမရှိသေးသကဲ့သို့ ပရီးမီးယားလိဂ်အနေဖြင့် ပွဲစဉ်ဇယား ပေါက်ကြားမှုအတွက်လည်း အတည်ပြုရန်ဖိအားပေးခံခဲ့ရပြီးဖြစ်သည်။

ရာသီသစ်အတွက်ပွဲစဉ်ဇယားကို ဇွန် ၁၅ တွင်ကြေညာရန်စီစဉ်ထားသော်လည်း အွန်လိုင်းမှပေါက်ကြားမှုကြောင့် အစီအစဉ်မှာ ကမောက်ကမဖြစ်ရဖွယ်ရှိနေသည်။ “ပရိသတ်နဲ့ မီဒီယာတွေရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ဇယားသစ်အတွက် စိတ်လှုပ်ရှားမှုကို လိဂ်အနေနဲ့ နားလည်ပါတယ်။ တရားဝင် ကြေညာတဲ့ ဇွန် ၁၅ ထိစောင့်ပေးပါ။ ပြီးခဲ့တဲ့ရက် သတ္တပတ်နှောင်းပိုင်းမှာ အွန်လိုင်းမှာပျံ့နှံ့နေတဲ့ဟာက အမှန်မဟုတ်ပါဘူး”ဟု ပရီးမီးယားလိဂ် တရားဝင်တွစ်တာအကောင့်တွင် ရေးထားသည်။

Credit : http://mizzimaburmese.com/


08 Jun 2016     1,589 Views




RELATED

Most Popular of International News

Most Popular of NEWS