BEC-TERO TV

အိမ်သာထဲမှာ အနံ့ပြင်းလွန်းတဲ့ အညစ်အကြေးတွေကျန်နေလို့ နောက်ကြောင်းပြန်လှည့်ခဲ့တဲ့ လေယာဉ်

08 Jun 2016     1,714 Views


ဗြိတိန် နိုင်ငံရဲ့ လေကြောင်း ခရီးစဉ်တစ်ခုဟာ အိမ်သာထဲမှာ အရမ်းအနံ့ပြင်းတဲ့ အညစ်အကြေးတွေ ကျန်နေ တဲ့ အတွက် လမ်းခရီး ကနေ နောက်ကြောင်းပြန်လှည့်ပြီး ဗြိတိန် နိုင်ငံမှာ ပြန်လည် ဆင်းသက် ခဲ့ရ တယ်လို့သိရပါတယ်။ ဗြိတိန်နိုင်ငံ တောင်ပိုင်းက ဟာ့ဖို့ဒ်ရှိုင်းယား ပြည်နယ်မှာနေထိုင်တဲ့ ကောင်စီဝင် Abhishek Sachdev ဟာ ဒူဘိုင်းနိုင်ငံကို ပျံသန်းမယ့် BA လေကြောင်း ခရီးစဉ်အတွင်း လိုက်ပါလာပြီး ထိုအညစ်အကြေး ပြသနာ ကြောင့် ဒူဘိုင်းနိုင်ငံသို့ မရောက် တော့ပဲ ဗြိတိန်နိုင်ငံ ၊လန်ဒန်မြို့က ဟီသရိုး လေ ဆိပ်မှာပဲ ပြန်လည် ဆင်းသက် ခဲ့ရပါတယ်။ Cabin Crew တွေ အနေနဲ့ ဒီပြသနာကို ပြေလည်အောင် မဖြေရှင်း လိုက်နိုင်တာကို ခရီးသည်တွေက နားလည် လက်ခံပေးနိုင် ခဲ့ပေမယ့် လေကြောင်းခရီးစဉ်ကို နောက်ကြောင်းပြန်လှည့်ပြီး ဆင်းသက်ခဲ့ တာကတော့ ခရီးသည် အတွက် ဒေါသထွက် စရာတွေ ဖြစ်စေခဲ့ပါတယ်။

ကောင်စီဝင် Abhishek Sachdev က လေကြောင်း ခရီးစဉ် တစ်ခုဟာ အိမ်သာထဲက အညစ် အကြေး ကြောင့် နောက်ကြောင်းပြန် လှည့်ပြီး ဆင်းသက်ခဲ့ရတာဟာ ရူးသွပ်တဲ့ လုပ်ရပ် သာဖြစ်တယ်လို့ သူ့ရဲ့ Twitter စာမျက်နှာ မှာ ရေး သား ခဲ့ပါတယ်။ ခရီးသည်တွေဟာ လေယာဉ်မှုးရဲ့ ကျန်းမာရေး နဲ့လုံခြုံရေး ပြသနာကြောင့် လန်ဒန် ကို ပြန် လည် ဆင်းသက် ရမယ်ဆိုတဲ့ အကြောင်းကြားသံ နဲ့အတူ လန်ဒန်သို့ ပြန်ပို့ခံခဲ့ရပြီး ဒူဘိုင်းသို့ သွား မယ့် လေကြောင်း ခရီး စဉ် နောက်တစ်ခုကို ၁၅ နာရီကြာစောင့် ဆိုင်းခဲ့ရတယ်လို့သိရပါတယ်။

Credit : thithtoolwin.com/


08 Jun 2016     1,714 Views




RELATED

Most Popular of International News

Most Popular of NEWS