အထူးရဲ့တွေစားသောက်နေတဲ့ ဆိုင်ကို မှ ငွေဝင်လု မိတဲ့ ဓါးပြ ၂ ဦး
09 Jun 2016 1,739 Views

ပြင်သစ်နိုင်ငံ အရှေ့ ပိုင်း ကBesancon မြို့  မက်ဒေါ်နယ် စားသောက်ဆိုင်တဆိုင်အတွင်း ဓါးမြနှစ်ဦးက ဆိုင်အတွင်း
သေနတ်ပစ်ဖေါက်ဝင်လာပြီး ငွေဝင်လုဘို့ ကြိုးစားခဲ့ကြောင်း ပြင်သစ်နိုင်ငံ stuff.co.nz အွန်လိုင်းသတင်းမှာ ဖေါ်ပြ ထားပါတယ်။
ဓါးပြ၀င်တိုက်တဲ့အချိန် ဆိုင်ထဲမှာ စားသောက်နေသူ (၄၀)ကျော်ထဲ မှာ အထူး တိုက်ခိုက်ရေး တပ်ဖွဲ့  ၀င်(၁၁)ဦး French paramilitary special forces တွေလည်း ပါဝင်နေပါတယ်။
ဓါးပြနှစ်ဦးက ငွေလက်ခံတဲ့ကောင်တာမှာ ယူရို ငွေ (၂၀၀၀) ကျပ်ငွေ၂၄ သိန်း လုယူပြီးတဲ့အထိ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ ဝင်တွေက ငြိမ်နေပြီး စိတ်ရှည် ရှည်နဲ့စောင့်ကြည့်နေကြပါတယ်၊
ဓါးပြနှစ်ဦးဆိုင်ထဲကနေပြန်ထွက်တော့မှပိတ်ဆို့ ဖမ်းဆီးခဲ့တာပါ။ပြင်သစ်နိုင်ငံမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ အတွက် စစ်တပ်တွေက သတိ ထားပြီး အသင့်ပြင်စောင့်ကြည့်နေ ချိန်မှာ ခုလိုဖြစ်ရပ်နဲ့ တိုးသွားခဲ့တဲ့ ဓါးပြတ ရားခံနှစ်ဦးကတော့ ဒဏ်ရာအသီးသီးရ သွားပြီး ဆေးရုံတင်ခဲ့ရပါတယ်။
အထူးတိုက်ခိုက်ရေး တပ်ဖွဲ့ ဝင်တွေက တာဝန်ချိန်အပြီးမှာ တပ်စိတ်အလိုက် လာစားနေကြလို့  လက်နက်အပြည့်အစုံ ရှိနေကြပါတယ်။ဆိုင်အတွင်းမှာ နိမ်နင်းမယ်ဆိုရင် ဓါးစာခံတွေရှိနေတာကြောင့် အန္တရယ်ကြီး မားလို့ ဓါးပြနှစ်ဦးအပြင်ရောက်တဲ့အထိ စောင့်နေခဲ့ကြတာဖြစ်ပါတယ်လို့ တပ်ဖွဲ့ ဝင်တွေကပြောပါတယ်။
Source : Stuff






