BEC-TERO TV

Unfriendလုပ်သွားတဲ့အမျိုးသမီးကိုမကျေနပ်၍ သူမရဲ့ကြက်များကိုသွားသတ်တဲ့ သူ

09 Jun 2016     1,322 Views


Tanya Vicentလို့ခေါ်တဲ့ အမျိုးသမီးဟာ Facebookပေါ်မှာယောက်ျားတစ်ယောက်ကို Unfriendလုပ်မိခဲ့ပါတယ်။ ထို့နောက်မှာတော့ သူမရဲ့ကြက်များ စတင်ပျောက်လာပါတော့တယ်။ သူမရဲ့ကြက်လေးကောင်ထဲမှာ ၃ကောင်ပျောက်သွားခဲ့ပြိးနောက် သူမကြက်များကို လိုက်ရှာပါတော့တယ်။

ဒါပေမယ့်သူမရဲ့ကြက်သုံးကောင်ဖြစ်တဲ့Queenie,Shy,Dancerတို့ဟာရက်ရက်စက်စက်ခေါင်းဖြတ်အသတ်ခံထားရတာကိုသူမရဲ့အိမ်တံခါးဝမှာ တွေ့လိုက်ရပါတယ်။ လေးကောင်မြောက်ဖြစ်တဲ့ Rosieကတော့ ဒဏ်ရာပြင်းပြင်းထန်ထန်ရပြီး အိမ်ကိုပြန်ရောက်လာခဲ့ပါတယ်။

ဒီကြက်တွေကိုသတ်သူကတော့ အိမ်ရာမဲ့တစ်ယောက်ဖ်ြစတဲ့ အသက်၃၀အရွယ် Shane Barrett ပဲဖြစ်ပါတယ်။ အခုတော့ Shane ကို ထောင်ဒဏ် ၉ ပတ် တရားရုံးက ချမှတ်လိုက်ပါတယ်။ ဒါပေမယ့် နောက်တစ်ခါကျူးလွန်ရင် ထောင်ဒဏ်တစ်နှစ်အထိကျမှာဖြစ်ပါတယ်။

Tanyaက“ဒီကြက်ကလေးတွေကကျွန်မသမီးလေးတွေပါ။သူတို့က ပြန်လည်ခုခံတတ်ကြတာမှမဟုတ်တာ၊ ကျွန်မသူ့ကို Unfriendလုပ်လိုက်လို့ သူဒီလိုလုပ်ခဲ့တာပါ ကျွန်မအရမ်းကို ခံစားနေရပါတယ်။ ကျွန်မဘဝမှာ ဒီလိုရက်စက်တာမျိုး တစ်ခါမှ မကြုံဖူးပါဘူး။ ကျွန်မမအိပ်၊မစားဖြစ်နေတာ တော်တော်ကြာပါပြီ။အခုထက်ထိလည်း ငိုနေတုန်းပါပဲ။’လို့ဆိုခဲ့ပါတယ်။ Tanyက တိရစ္ဆာန်လေးတွေရဲ့ အသက်ကို တက်တက်ကြွကြွနဲ့ အမြဲကယ်တင်နေသူဖြစ်ပါတယ်။

Credit:Shwemom


09 Jun 2016     1,322 Views




RELATED

Most Popular of Special or Others

Most Popular of NEWS