လူမိုက်ဆန်ဆန် ရန်လိုနေသည့် ၁၀၇ ယာဉ်လိုင်းမှ စပယ်ယာနှင့် facebook ပေါ်မှ ရိုက်ခတ်သံ
10 Jun 2016 1,670 Views

၉.၆.၂၀၁၆ နေ့ လည် ၃း၁၇ မိနစ်အချိန်တွင် ရန်ကုန်မြို့ ရတနာလမ်းမကြီးနှင့် သံသုမာလမ်း မီးပွိုင့်ဒေါင့် တစ်နေရာတွင် အနောက်ပိုင်းခရိုင် ၁၀၇ ယာဉ်လိုင်းမှ စပယ်ယာတစ်ဦး စတီးပိုက်လုံးကိုင်၍ ဆဲဆိုကာ လူမိုက်ဆန်ဆန် ရန်လိုနေသည်ကို တွေ့ခဲ့ရပါသည်။ လူမှု့ကွန်ယက် စာမျက်နှာများပေါ်၌ မော်တော်ယာဉ်မောင်းအချို့နှင့် စပါယ်ယာတစ်ချို့ တို့  ခရီးသည်များ အပေါ်၌ ၎င်း လမ်းသွားလမ်းလာ ပြည်သူများအပေါ်၌ ၎င်းရိုင်းစိုင်းစွာ ပြုကျင့်နေသည်ကို တင်ပြကြသည်။
သတင်းများပျံ့နှံ့သွားနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများမှ အရေးယူဆောင်ရွက် ပေးနေသည်ကိုလည်း တွေ့မြင်ရမည်ဖြစ်သည်။ ထိုကဲ့သို့  ပြုမူနေသူများအား သက်ဆိုင်ရာမှ စံပြနမူနာအဖြစ် ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်ပေးနိုင်ရန် တင်ပြလိုက်ရပါသည်။
.jpg)
.jpg)
.jpg)
Credit : http://www.thithtoolwin.com/







