BEC-TERO TV

ဂျပန်ကိုကာကိုလာက နှစ်ခြိုက်စွာအိပ်ပျော်စေသည့် သောက်ရေသန့်ကို ထုတ်လုပ်

10 Jun 2016     1,298 Views


ကိုကာကိုလာဂျပန်က ညအချိန်တွင် ပိုမိုနှစ်ခြိုက်စွာ အိပ်ပျော်စေနိုင်သည့် သောက်ရေသန့်ကို ထုတ်လုပ်ရောင်းချနေ သည်ဟု သိရသည်။ Glaceau Sleep Water သောက်ရေသန့်သည် ညဘက် အိပ်မပျော်သူများအတွက် ရည်ရွယ်ထုတ် လုပ်ခြင်းဖြစ်ပြီး သောက်ရေသန့်ထဲမှအ ထူးပါဝင်ပစ်္စည်းများဖြစ်သောL-Thea- nine အမိုင်နိုအက်ဆစ်တစ်မျိုးသည် စိတ် ပင်ပန်းနွမ်းနယ်မှုနှင့် စိတ်ဖိအားများကိုပြေ လျော့စေကာ အပန်းပြေစေသည်ဆို၏။

ကုမ္ပဏီက ၎င်းတို့၏သောက်ရေသန့်ကို သောက်သုံးကာအိပ်စက်ခြင်းသည် နောက် တစ်နေ့မနက်တွင် အင်အားအပြည့်နှင့် နိုးထလာစေလိမ့်မည်ဖြစ်သည်ဟု ဆိုထား သည်။ အိပ်ရာမ၀င်မီ၊ ညနေခင်းနှင့် ည ဘက်ရေချိုးပြီးချိန်တို့တွင် သောက်သုံးရမည်ဖြစ်ပြီး ကဖင်းဓာတ်ပါဝင်ခြင်းမရှိဘဲ လုံးဝအန္တရာယ်ကင်းပါကြောင်း အာမခံ ကာ ရောင်းချနေသည်ဟု သိရသည်။

Credit : pyimyanmarnews/

#မေဇွန်(OC,7.6.16)


10 Jun 2016     1,298 Views




RELATED

Most Popular of Special or Others

Most Popular of NEWS