BEC-TERO TV

သူငယ်ချင်းစုံတွဲတွေ ကြည်နူးနေတဲ့ နောက်ခံနဲ့ ဆယ်လ်ဖီပေါင်းများစွာ ၂ နှစ်တိတိ ရိုက်ကူးခဲ့တဲ့ အမျိုးသမီး

10 Jun 2016     1,290 Views


သင့် ပတ်ဝန်းကျင်က လူတိုင်းဟာ အချစ်ရေးကိုယ်စီ တည်ဆောက်နေတဲ့အချိန် သင်တစ်ယောက်တည်း တစ်ကိုယ်တည်း သမားဘ၀ ကို ဖြတ်သန်းဖို့ ဆိုတာ ခက်ခဲပါတယ်။သူငယ်ချင်းတွေပါ တစ်ကိုယ်တည်းသမား တွေဆိုရင်ရင်တော့ သင်တို့ဟာ သောက်လိုက်စားလိုက် ၊ ပျော်လိုက်ပါးလိုက် နေနိုင်ဦးမှာပါ။ ဒါပေမယ့် အတွဲကိုယ်စီ နဲ့ သူငယ်ချင်းတွေကြား သွားပြီး တစ်ကိုယ်တည်းသမားတစ်ယောက်ဟာ သောက်စားနေမယ့် အစား အိမ်ပြန်တာမှ သင့်တော်မှာပါ။ မဟုတ်ရင် သူငယ်ချင်း အတွဲတွေ ကြည်နူးနေကြတာကို နှောင့်ယှက်သလို ဖြစ်မှာဆိုးလို့ပါ။ ဒါပေမယ့်လည်း Imgur ဆိုတဲ့ ဓါတ်ပုံဝေမျှခြင်း လူမှုကွန်ယက် တစ်ခုကို အသုံးပြုနေတဲ့ Sofiagia ဆိုတဲ့ ကောင်မလေးကတော့ တစ်ကိုယ်တည်းသမား ဖြစ်ပေမယ့် ဘယ်တော့မှ အထီးကျန်နေလေ့မရှိပါဘူး။

သူမဟာ သူငယ်ချင်း အတွဲတွေနဲ့ လိုက်ပါ သောက်စားပျော်ပါး လေ့ရှိပြီး သူငယ်ချင်းအတွဲတွေ ကြည်နူးနေရင်လည်း သူမရဲ့  ရုပ်ပြောင်နဲ့အတူ တွဲဖက်ပြီး ဓါတ်ပုံဗုံးခွဲလေ့ရှိပါတယ်။ သူမဟာ အဲဒီ ဓါတ်ပုံတွေအားလုံးကိုလည်း Imgur ဆိုတဲ့ လူမှု ကွန်ယက်မှာ တင်ထားပါတယ်။သူမမှာ သူငယ်ချင်း စုံတွဲတွေကြည်နူးနေတဲ့ နောက်ခံ နဲ့ သူမရဲ့  ဆယ်လ်ဖီဓါတ်ပုံ ကိုတွဲရိုက်ပြီး လှောင်ပြောင်ထားတဲ့ ဓါတ်ပုံတွေ အများကြီး ရှိခဲ့သလိုပဲ သူမဟာ အဲဒီလို လှုပ်ရှားနေတာ ၂ နှစ်ခန့်ရှိနေပြီလို့ သိရပါတယ်။

Credit : mayoneyinponepyinmat/?fref=nf

မူရင်း - http://www.trend.com.mm/2016/06/09/news-9733


10 Jun 2016     1,290 Views




RELATED

Most Popular of International News

Most Popular of NEWS