နိုင်ငံတကာ ရုပ်ရှင်ပွဲတော်ကို တက်ရောက်ဖို့ ဖိတ်ကြားခြင်းခံရတဲ့ နန်းဆုရတီစိုး
11 Jun 2016 1,728 Views

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် ကျင်းပမည့် နိုင်ငံတကာ ရုပ်ရှင်ပွဲတော်သို့ မြန်မာနိုင်ငံ ကိုယ်စားပြုအနေဖြင့် အဆိုတော် သရုပ်ဆောင် နန်းဆုရတီစိုး တက်ရောက်ရန်ဖိတ်ကြားခြင်းခံရတယ်လို့ သိရပါတယ်။
နိုင်ငံပေါင်း ၂၀ ကျော် မှ သရုပ်ဆောင်များ၊ ဒါရိုက်တာများ၊ ရုပ်ရှင် ထုတ်လုပ်သူများ၊ ရုပ်ရှင်လုပ်ငန်းနှင့် ပတ်သက်သည့် အတွေ့အကြုံများကို ဖလှယ်သွားမယ့် အဲ့ဒီပွဲကို တက်ရောက်ဖို့အတွက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ယဉ်ကျေးမှုဝန်ကြီး ဌာနက သူမကို ဖိတ်ကြားတာ ဖြစ်တယ်လို့ သိရပါတယ်။
Shanghai International Film Festival 2016 ပွဲတော်ကို ရှန်ဟိုင်းမြို့တွင် (၅)ရက်တာ ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။
Credit:Duwun






