BEC-TERO TV

အော်လန်ဒို ဂေးနိုက်ကလပ် ပစ်ခတ်မှု ၅၀ ဦး သေဆုံး

13 Jun 2016     1,792 Views


အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ် အော်လန်ဒိုမြို့ရှိ နိုက်ကလပ်တစ်ခုမှာ (ဇွန်လ ၁၂ ရက်) ဒေသစံတော်ချိန် နံနက် ၂း၀၀ ဝန်းကျင် (မြန်မာစံတော်ချိန် နေ့လယ် ၁၂း၀၀၀ ဝန်းကျင်) က ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး လူ ၅၀ ဦး သေဆုံးပြီး ၅၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က အတည်ပြု ပြောကြားခဲ့ ပါတယ်။

အော်လန်ဒို ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ယခုအခါ အဆိုပါဒေသကို အရေးပေါ် အခြေအနေ ထုတ်ပြန်ကြေညာထားလိုက်ပြီလို့ သိရပါတယ်။ နိုက်ကလပ်အတွင်း အကြမ်းဖက် ပစ်ခတ်ခဲ့တဲ့ သေနတ်သမားဟာ အသက် ၂၉ နှစ်အရွယ် အိုမာမတ်တင်းအမည်ရှိ အစွန်းရောက် တစ်ဦးဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

ပစ်ခတ်တဲ့ အစွန်းရောက်နေသူ 

 အော်လန်ဒိုမြို့ရှိ Pulse နိုက်ကလပ်မှာ သေနတ်သမားတစ်ဦးက အနည်းဆုံး လူ ၅၀ ကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီး နိုက်ကလပ်အတွင်း ဓားစာခံများကိုလည်း ဖမ်းဆီးထိန်းသိမ်းထားခဲ့ပါတယ်။ အထူးတပ်ဖွဲ့က နိုက်ကလပ်အတွင်း ဝင်ရောက်ရှင်းလင်းမှု ပြုလုပ်ခဲ့ပြီး အပြန်အလှန် ပစ်ခတ်မှုအတွင်း သေနတ်သမား သေဆုံးသွားကြောင်း တာဝန်ရှိသူတွေက အတည်ပြု ပြောကြားပါတယ်။ Orland News သတင်းဌာနရဲ့ ပြောကြားမှုအရ သေနတ်သမားဟာ ခန္ဓာကိုယ်မှာ အသေခံ ဗုံးခါးပတ် တပ်ဆင်ထားတယ်လို့ ဆိုပါတယ်။

Pulse နိုက်ကလပ်ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာလည်း အားလုံးကို နိုက်ကလပ်အပြင်ထွက်ပြီး ပြေးကြဖို့ တိုက်တွန်းရေးသားခဲ့တာ တွေ့ရပါတယ်။ ပစ်ခတ်မှု ဖြစ်ပွားတဲ့ နိုက်ကလပ်နေရာနဲ့ ဝေးဝေးနေကြရန် အော်လန်ဒိုရဲတပ်ဖွဲ့က ၎င်းတို့ရဲ့ တွစ်တာမှာ သတိပေးခဲ့ပါတယ်။ Pulse နိုက်ကလပ်ဟာ လိင်တူချစ်သူများအတွက် ရည်ရွယ်ဖွင့်လှစ်ထားတဲ့ နိုက်ကလပ်ဖြစ်တယ်လို့ ဆိုပါတယ်။ ရဲတပ်ဖွဲ့က နိုက်ကလပ်အတွင်း ထိန်းချုပ်ဖောက်ခွဲမှုတစ်ခုလည်း ပြုလုပ်ခဲ့ရကြောင်း သိရပါတယ်။ Credit: Duwun


13 Jun 2016     1,792 Views




RELATED

Most Popular of International News

Most Popular of NEWS