ဆံပင်ကေသစ်လေးနဲ့ Selena Gomez
13 Jun 2016 2,014 Views

အသက် ၂၃ နှစ်အရွယ် selena ရဲ့ဆံပင်ကေအသစ်ကို Nine Zero One Salon ရဲ့ အင်စတာဂရမ်မှာ တင်ထားတာကို မြင်တွေ့ရတာပါ။

လှိုင်းနည်းနည်းထနေတဲ့ ဆံပင်ကေနဲ့အတူ ရှေ့ဆံပင်လေးတွေကို မညီမညာနဲ့ အတိုညှပ်ထားတဲ့ ဆံပင်ကေလေးက သူမနဲ့ လိုက်ဖက်ပြီး ဆယ်ကျော်သက်မလေးတွေကြားမှာ ခေတ်စားမယ့် ဆံပင်ကေဖြစ်လာဦးမှာ သေချာပါတယ်။

စိတ်ချင်းဆက်တယ်လို့ပဲ ပြောရမလား။ ဂျက်စတင်ကလည်း မကြာသေးမီကမှ ဆံပင်ကေအသစ် ပြောင်းထားပြီး ဆံပင်ကို ရွှေဝါရောင် ဆိုးထားတာကို တွေ့ရပါသေး တယ်။






