မိန်းမချင်းပဲ ချစ်တော့မယ်ဆိုတဲ့ Marnie Simpson
13 Jun 2016 1,936 Views

ဗြိတိန်ရုပ်သံဇာတ်လမ်းတွဲ Geordie Shore ရဲ့ မင်းသမီး Marnie Simpson ဟာ လိင်တူချင်းတစ်ခါမှ အတူမနေခဲ့ဖူးသေးပေမဲ့ မိန်းကလေးတွေကို စိတ်ဝင်စားကြောင်း ပြောခဲ့တာပါ။ "ကျွန်မ မလုပ်ဖူးသေးတဲ့အရာတစ်ခုပါ။ ယောက်ျားတွေနဲ့ တွဲခဲ့ဖူးတယ်။ နောက်တစ်ခါဆိုရင်တော့ မိန်းကလေးတစ်ယောက်ကို တွဲဖြစ်မယ်" လို့ သူမက ဆိုပါတယ်။
အဲဒီအတွက် သူမ တကယ့်ကို အလေးအနက်ထားတယ်လို့ ပြောခဲ့ပါတယ်။ " ကျွန်မလုပ်မယ်ဆိုရင် အပျော်သက်သက် လုပ်မှာမဟုတ်ပါဘူး။ အလေးအနက်ဖြစ်လိမ့်မယ်" လို့ Marnie Simpson က ပြောပါတယ်။ သူမဟာ အသက် ၁၉ နှစ်အရွယ်ကတည်းက လိင်နှစ်မျိုးစလုံးကို စိတ်ဝင်စားခဲ့တာဖြစ်ပေမဲ့ သူမစိတ်ကို ရေရေရာရာ မသိခဲ့ဘူးလို့လည်း သူမက ဆိုခဲ့ပါတယ်။ Credit: Duwun






