အပြောင်းအရွှေ့ကာလ မှ အာဆင်နယ်အသင်း ရဲ့ သတင်းများ
14 Jun 2016 1,866 Views

အာဆင်နယ်အသင်းဟာ နာပိုလီအသင်းရဲ့ 22 နှစ် အရွယ် အယ်ဘေးနီးယားနောက်ခံလူ Hysaj ကို ပေါင် 15 သန်းနဲ့ ခေါ်ယူဖို့ ချိန်ဆနေပါတယ်။
မန်ယူ အာဆင်နယ် ချဲဆီး PSG တို့က ခေါ်ယူဖို့ ကြိုးစားနေတဲ့ ကွင်းလယ်လူ ကန်တီကို လက်စတာအသင်းက တစ်လုပ်ခ ပေါင် 100000 အထိပေးပြီး စာချုပ်သစ် ကမ်းလှမ်းလိုက်ပါတယ်။
အာဆင်ဝင်းဂါးကတော့ ဘယ်လာရင်ရဲ့ နေရာအတွက် (ဒဏ်ရာရခဲ့ရင်) အရန်သင့် အစားထိုးနိုင်တဲ့ ကစားသမားအဖြစ် ဘိုင်ယန်အသင်းရဲ့ အသက် 30 အရွယ် နောက်ခံလူ ရာဖင်ဟာကို ခေါ်ယူဖို့ စောင့်ကြည့်နေပါတယ်။
အာဆင်နယ် ပစ်မှတ် မာရက်ကတော့ လက်စတာမှာ ပျော်နေပေမယ့်လဲ သူ့ရဲ့ အနာဂတ်အတွက် ဆုံးဖြတ်ချက် မချရသေးဘူးလို့ ဆိုပါတယ်။
နောက်ခံလူ ဘယ်လာရင်ကတော့ ဒီကနေ့မှာ ကစားမယ့် ချက်နဲ့ ပွဲစဉ်မှာ သူ့ရဲ့ ကလပ်အသင်းဖော် ရိုဆစ်စကီးကို သတိထားကြဖို့ စပိန်ကစားသမားတွေကို သတိပေး ပြောကြားသွားခဲ့ပါတယ်။








