၂ ဘာသာ ဂုဏ်ထူးရရှိခဲ့တဲ့ အကယ်ဒမီယွန်းယွန်းရဲ့ ဂုဏ်ပြုပွဲ
14 Jun 2016 1,747 Views

ု၂၀၁၆ တက္ကသိုလ်ဝင်စာမေးပွဲတွင် မြန်မာစာ၊ ဇီဝဗေဒဘာသာရပ်ဂုဏ်ထူးရှင် အကယ်ဒမီ ယွန်းယွန်းကို ရွှေလက်ရာစာပေထုတ်လုပ်ရေးမိသားစုကပြုလုပ်ပေးတဲ့ ဂုဏ်ပြုပွဲ ကို ဇွန်လ ၁၃ရက်နေ့ ညနေ၆နာရီက Royal Garden Restaurant မှာပြုလုပ်ခဲ့ပါတယ်။
ဒီပွဲကို ယွန်းယွန်းရဲ့ဆရာ၊ ဆရာမများ၊ အနုပညာရှင်များ တက်ရောက်ဂုဏ်ပြုခဲ့ပါတယ်။ ယွန်းယွန်းကို ရွှေလက်ရာထုတ်လုပ်ရေးမှ မဂျူးဂျူးက စိန်လက်စွပ်တစ်ကွင်း၊ရွှေပါရမီကျန်းမာရေးဖောင်ဒေးမှ ရွှေတစ်ကျပ်သား ဆုချီးမြင့်ခဲ့ပါတယ်။







