BEC-TERO TV

စက်ဘီးခိုးသူကို ကြိုးကွင်းစွတ်ပြီးဖမ်းပေးတဲ့ ကောင်းဘွိုင် ( Cowboy )

14 Jun 2016     1,615 Views


ရုပ်ရှင်ကားတွေထဲမှာ ကြိုးတစ်ရမ်းရမ်းနဲ့ ကောင်းဘွိုင်တွေဟာ တရားဥပဒေစိုးမိုးရေးမှာလည်း တော်တော် အလုပ်ဖြစ်တာကို သိရပါတယ်။ အမေရိကန်ပြည်ထောင်စု အော်ရီဂွန်ပြည်နယ်က မွေးမြူရေးသမားတစ်ဦးဟာ သူ့ရဲ့ ကြိုးကွင်းပစ်စွမ်းရည်ကိုသုံးပြီး စက်ဘီးသူခိုးကို လှမ်းဖမ်းခဲ့ပါတယ်လို့ ရဲက ဆိုထားပါတယ်။
 
စတိုးဆိုင်နောက်ဘက် စက်ဘီးအပ်ရာနေရာမှာ အမျိုးသမီးတစ်ဦးက အော်ဟစ်နေပြီး လူတစ်ဦးက စက်ဘီးကို ယူဖို့ကြိုးစားနေချိန်မှာ မစ္စတာဘော်ဘာလို့ခေါ်တဲ့ မွေးမြူရေးသမားဖြစ်သူက အလျင်အမြန်ပြုမူလိုက်တာ ဖြစ်ပါတယ်လို့ အဆိုပါ နွားကျောင်းသားက ပြောကြားပါတယ်။ သူဟာ သူ့မြင်းပေါ်ကို တက်ကာ နောက်ကနေ လိုက်ပြီး စက်ဘီးသမားကို ကြိုးနဲ့လှမ်းစွပ်လိုက်တာ ဖြစ်ပါသတဲ့။ သူဟာ သူ့ရဲ့ အလုပ်အဖြစ် ကြိုးကွင်းကို နေ့စဉ် အသုံးပြုနေရတာ ဖြစ်ပါတယ်လို့လည်း ပြောပါတယ်။
 
“ သူ့ကို ဖမ်းပေးကြပါရှင်။ ကျွန်မ စက်ဘီးကို ခိုးသွားပါတယ်” လို့ အမျိုးသမီးတစ်ဦးက အော်ဟစ်နေသံကို ကြားကြောင်း ၄င်းက ပြောပြပါတယ်။ ရုပ်ရှင်ဆန်ဆန် ဖမ်းဆီးပေးလိုက်တဲ့ ကိုကောင်းဘွိုင်ကြီးကြောင့် ရဲတွေအလုပ်ရှုပ်သက်သာသွားပြီး အမျိုးသမီးလည်း စက်ဘီးပြန်ရသွားပါတော့တယ်။
 

14 Jun 2016     1,615 Views




RELATED

Most Popular of International News

Most Popular of NEWS