BEC-TERO TV

စိတ်ဖိစီးမှုများခြင်းက အသားအရည်ပျက်စီးဖို့ အကြောင်းအရင်းတစ်ခုဖြစ်လာ

14 Jun 2016     1,368 Views


စိတ်ဖိစီးမှုများခြင်းက ကျန်းမာရေးကို ဆိုးကျိုးပေးနိုင်တယ်ဆိုတာ အားလုံးသိထားပြီးသားဖြစ်ပေမယ့် အသားအရေကို ထိခိုက်နိုင်တယ်ဆိုတာကိုလည်း သိထားဖို့လိုပါတယ်။ စိတ်ဖိစီးမှုနဲ့ အသားအရေက ဘယ်လိုဆက်စပ်မှုတွေရှိနေတယ်ဆိုတာ လေ့လာကြည့်ရအောင်ပါ။

အရေးအကြောင်းဖြစ်ခြင်း

စိတ်ဖိစီးမှုများပြီဆိုတာနဲ့ ခန္ဓာကိုယ်က ဟော်မုန်းတစ်မျိုးထုတ်လေ့ရှိပြီး ယင်းကြောင့် သွေးတိုးခြင်း၊ ကိုယ်အလေးချိန်တက်ခြင်းတွေဖြစ်ပြီး အရွယ်တင်နုပျိုမှုကိုပါ လျော့နည်းစေတဲ့အတွက် မျက်နှာမှာ အရေးအကြောင်းတွေ ပေါ်လာစေပါတယ်။

ဝက်ခြံပေါက်ခြင်း

ဒီအချက်ကိုတော့ လူအတော်များများသိထားပြီးသားဖြစ်ပြီး စိတ်ခံစားမှုအလိုက် ဝက်ခြံ တွေထွက်လာတာကို ကြုံဖူးကြမှာပါ။ နောက်ပြီး တချို့ဆိုရင် နှင်းခူရောဂါလိုမျိုးပါ ဖြစ်တတ်တယ်လို့ သိရပါတယ်။

အရေပြားရောဂါဖြစ်ခြင်း

စိတ်ဖိစီးမှုများနေတဲ့အခါမျိုးတွေမှာ ခန္ဓာကိုယ်က ဟစ္စတာမင်းလို့ခေါ်တဲ့ မတည့်တဲ့အရာနဲ့တွေ့တဲ့အခါ ဒုက္ခပေးတတ်တဲ့ ကိုယ်တွင်းဒြပ်ပေါင်းထုတ်လေ့ရှိပြီး ဓာတ်မတည့်တာတွေ၊ ရောင်ရမ်းတာတွေဖြစ်တတ်ပါတယ်။ ဒါတင်မက ပန်းနာရောဂါ၊ မျက်ရည်ယို၊ နှာစေးဖြစ်ပြီး ဖျားနာတာ၊ ကြမ်းထော်တဲ့ အနီဖိမ့်တွေထတဲ့ အရေပြားရောဂါလိုမျိုးတွေပါ ဖြစ်တတ်တယ်လို့ ဆိုပါတယ်။

အသားအရေမွဲခြောက်ခြင်း

စိတ်မကြည်လင်မဖြစ်ပြီး ဖိစီးမှုတွေရှိနေပြီဆိုရင် အရေပြားဆဲလ်သေတွေ တဖြည်းဖြည်းများလာကာ အသားအရေမွဲခြောက်စေတယ်လို့ သိရပါတယ်။

မျက်လုံးများ မို့စေခြင်း

စိတ်ဖိစီးမှုက ကောင်းကောင်းအိပ်မပျော်အောင်လည်း ဒုက္ခပေးပြန်တဲ့အတွက် ကျန်းမာ ရေးအတွက် ဆိုးကျိုးပေးသလို မျက်ကွင်းတွေညိုတာတို့၊ မျက်လုံးတစ်ဝိုက်မို့အစ်စေတာတို့ဖြစ်စေပါတယ်။ 

(ပိုပိုလေး)

 


14 Jun 2016     1,368 Views




RELATED

Most Popular of Special or Others

Most Popular of NEWS