BEC-TERO TV

ယူရို ၂၀၁၆ ရန်ပွဲမှာ လေ့ကျင့်ထားတဲ့ ရုရှားလမ်းသရဲများ ဦးဆောင်ပါဝင်ခဲ့ဟုဆို

14 Jun 2016     1,889 Views


ယူရို ၂၀၁၆ ဘောလုံးပြိုင်ပွဲ ရုရှားနဲ့ အင်္ဂလန် ပွဲစဉ်အတွင်း မာဆေးလ်မြို့ အကြမ်းဖက်တိုက်ခိုက်မှုကို သေချာစွာလေ့ကျင့်ထားတဲ့ ရုရှားလမ်းသရဲများက ဦးဆောင်ခဲ့ကြောင်း တာဝန်ရှိသူက ပြောပါတယ်။ ရုရှားဘောလုံးပရိသတ် ၁၅၀ ဟာ အကြမ်းဖက်တိုက်ခိုက်ရန် သေချာစွာ ကြိုတင်ပြင်ဆင်ခဲ့ကြောင်းနဲ့ ထွက်ပြေးတိမ်းရှောင်နေကြောင်း မာဆေးလ် အစိုးရရှေ့နေ့ ဘရိုက်စ်ရော်ဘင်က ပြောပါတယ်။ ယူရို ၂၀၁၆ ဘောလုံးပွဲစဉ်အတွင်း ရန်ပွဲများနဲ့ ဆက်နွယ်ပြီး ဗြိတိန်နိုင်ငံသားခြောက်ဦး၊ ပြင်သစ်သုံးဦးနဲ့ သြစတြီးယားတစ်ဦးတို့ကို ချက်ချင်း ရုံးတင်စစ်ဆေးသွားမှာ ဖြစ်ပါတယ်။

ရုရှားနိုင်ငံသားနှစ်ဦးကို ဘောလုံးကွင်းအတွင်း ကျူးကျော်ဝင်ရောက်မှုဖြင့် ဖမ်းဆီးထားပါတယ်။ မာဆေးလ်မြို့မှာ သုံးရက်ကြာ ဖြစ်ပွားခဲ့တဲ့ ရန်ပွဲများအတွင်း လူ ၃၅ ဦး ဒဏ်ရာရရှိခဲ့ပြီး လေးဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း သိရပါတယ်။ မာဆေးလ်ရန်ပွဲနဲ့ ဆက်နွယ်သူ စုစုပေါင်း ၂၀ ဦးကို ဖမ်းဆီးထားကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ ရုရှားပရိတ်သ ၁၅၀ ဟာ လူရမ်းကား လမ်းသရဲ့အဖွဲ့တွေ ဖြစ်ကြောင်းနဲ့ ၎င်းတို့ဟာ အလျင်အမြန် တိုက်ခိုက်မှုနဲ့ အကြမ်းဖက်ရမ်းကားရန်အတွက် သေချာစွာ လေ့ကျင့် ပြင်ဆင်ထားသူများဖြစ်ကြောင်း မာဆေးလ် အစိုရရှေ့နေက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

Credit : mayoneyinponepyinmat/


14 Jun 2016     1,889 Views




RELATED

Most Popular of International News

Most Popular of NEWS